Weekly Eleven ဂျာနယ်မှ အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားထားမှုနှင့် ပတ်သက်၍ ကောင်စီက Eleven Media Group မှ တာဝန်ရှိသူများနှင့် နိုဝင်ဘာ ၁၃ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ ကောင်စီရုံးခန်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုသို့ Eleven Media Group မှ MD ဒေါက်တာသိန်းမြင့်၊ Eleven Media Group အယ်ဒီတာချုပ် ကိုဝေဖြိုး၊ ဒုတိယ အယ်ဒီတာချုပ် ကိုနရီမင်း (ခ) ဒေါက်တာမင်းလွင်တို့ တက်ရောက်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က နှစ်ဖက် ပြေလည်အောင် ညိနှိုင်း ကြိုးစားမည်ဖြစ်ကြောင်း တွေ့ဆုံမှုအပြီးတွင် မီဒီယာများအား ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က “အဘတို့ ဒီဘက်က သဘောထား ရယူပြီးတဲ့အခါမှာ တစ်ဖက်ကို ညှိနှိုင်းပါမယ်။ အဲဒီတော့ သူတို့ ရဲ့ အခုသဘောထားတွေကို ဒီမှာပြောတဲ့ဟာတွေကို ရေးပြီးပေးပါလို့ တောင်းလိုက်တယ်။ သူတို့ရေးပြီး တင်ပြတယ်။ တစ်ဖက်ကပုဂ္ဂိုလ်နဲ့ ပြန်ညှိတဲ့အခါကျတော့ နှစ်ဖက်ပြေလည်ရာ ပြေလည်ကြောင်းပဲ ကြိုးစားမယ်။ တင်းမာတဲ့အဖြစ်၊ ပြတ်စဲသွားတဲ့ အဖြစ်မျိုးတော့ အဘတို့လည်း အဖြစ်မခံနိုင်ပါဘူး။ မီဒီယာကောင်စီက တာဝန်နဲ့ ဥပဒေကပေးတဲ့ အခွင့်အရေးက အဘတို့ကို ပြေလည်အောင် ညှိနှိုင်းရမယ်။ အကြိမ်ကြိမ်ညှိနှိုင်းလို့မှ မပြေလည်ရင်တော့ တရားရုံးသွားကြပဲ” ဟု ပြောကြားသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌက “သတင်းသမားတွေနဲ့ ပတ်သက်လို့ အဆုံးအဖြတ်ပေးနိုင်တာ တစ်ခုတည်းသော အဖွဲ့အစည်းသည် မီဒီယာကောင်စီ ဖြစ်တယ်။ ပြဋ္ဌာန်းထားတယ် ပုဒ်မ ၁၂။ အဲဒီအရ တိုင်လို့ရှိရင် တို့က နှစ်ဖက် ခေါ်ညှိကြမယ်။ ပြေလည်ရာ ပြေလည်ကြောင်း ဖြေရှင်းမယ်။ ဖြေရှင်းလို့မှ မရရင် တရားစွဲမယ်။ တရားစွဲရင်လည်း ဒီဥပဒေ (သတင်းမီဒီယာဥပဒေ) နဲ့ စွဲရမှာပဲ”ဟု ပြောကြားသည်။
မီဒီယာ ဥပဒေဖြင့် ဖြေရှင်းရန် ပထမဆုံးအကြိမ် ဖိတ်ခေါ်ခြင်းဖြစ်ပြီး Weekly Eleven Journal အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ သတင်းထောက်ချုပ်တို့မှာ မရောက်ရှိသေးကြောင်း၊ နိုဝင်ဘာ ၂၇ ရက် နောက်ပိုင်းသို့ ရက်ချိန်းတောင်းသဖြင့် ကောင်စီအနေဖြင့် လက်ခံခဲ့ပြီး ညှိနှိုင်းကြမည် ဖြစ်ကြောင်း၊ Eleven Media Group အနေဖြင့် သမ္မတထံသို့ စာတင်ရန် ကောင်စီထံ စာတစ်စောင်ပေးအပ်ခြင်းကို ကောင်စီအနေဖြင့် လက်မခံခဲ့ဘဲ တိုက်ရိုက်တင်ရန်သာ ပြောကြားခဲ့ကြောင်း ကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောကြားသည်။
Eleven Media Group မှ MD ဒေါက်တာသိန်းမြင့်က “ကောင်စီကနေ တို့ကို ဖိတ်တယ်။ ဖိတ်တဲ့အခါမှာ လာတယ်။ လာတဲ့အခါမှာ စွပ်စွဲခံရသူ သုံးယောက်ပေါ့။ သုံးယောက်မှာ နှစ်ယောက်ကတော့ ဒီမှာ မပါလာဘူး။ ကိုနရီမင်း တစ်ယောက်ပဲ ပါလာတယ်။ နှစ်ယောက်မှာ ကိုကျော်ဇောလင်းကတော့ အာဆီယံ အစည်းအဝေးသွားပြီး သတင်းယူနေလို့ မလာနိုင်ဘူး။ ဖြိုးဝေ ကတော့ လုပ်သက်ခွင့် ယူထားလို့ သူက နယ်ရောက်နေတယ်။ အားလုံးက ၂၇ ရက်ကျော် မှ တစ်ခေါက်ပြန်လာပြီး ရှင်းပေးမယ်လို့ ပြောထားတယ်။ ကာယကံရှင်တွေ ကိုယ်တိုင်က ဒီသတင်း ဘယ်ကရတယ်။ Source က ဘယ်ကနေ ရေးတယ်။ ဘာကြောင့် ဒီလိုရေးတယ်ဆိုတာ သူကိုယ်တိုင် ရှင်းပြမယ်။ ဒါကတော့ အယ်ဒီတာ လုပ်ပိုင်ခွင့်နဲ့ အယ်ဒီတာချုပ်ကလည်း ရှင်းပြမယ်။ သတင်းရေးတဲ့ ဖြိုးဝေကလည်း ရှင်းပြမယ်။ ဒီနေ့တွေ့ဆုံမှုကတော့ ကျေနပ်မှုရှိတယ်။ ဘာလို့လဲဆိုတော့ မီဒီယာကောင်စီက သူ့အလုပ် သူလုပ်တယ်။ တို့ကိုခေါ်တွေ့တယ်။ ကိုယ်လုပ်နိုင်တာတွေ ရှင်းပြတယ်။ ကိုနရီမင်းကို ခေါ်လာတယ်။ ကိုနရီမင်းက ဒီကိစ္စမှာ မဆိုင်ဘူး။ တို့ရုံးမှာ တာဝန်ခံ အယ်ဒီတာတွေက ပိုင်းထားတယ်။ သူ (ကိုနရီမင်း) က နိုင်ငံတကာပဲ ကိုင်တာဖြစ်တဲ့အတွက် နိုင်ငံတကာ သတင်းတွေ တည်းဖြတ်တယ်။ ဆောင်းပါးတွေ တည်းဖြတ်တယ်။ ဒီအလုပ်ပဲ သူလုပ်တယ်။ အဲဒီအတွက်ကြောင့် သူနဲ့ ဒီကိစ္စက မဆိုင်တဲ့အကြောင်း ရှင်းပြခဲ့တယ်” ဟု မီဒီယာများအား ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Weekly Eleven Journal မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်း (ခ) ဒေါက်တာမင်းလွင်၊ သတင်းထောက်ချုပ် ကိုဖြိုးဝေ (ခ) ဖြိုးဝေဝင်းတို့ သုံးဦးကို သတင်းမီဒီယာ ဥပဒေဖြင့် တိုင်ကြားထားမှုကို စတင် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး တိုင်ကြားခံရသူများထံ တင်ပြခြင်းဖြစ်ကြောင်း၊ တိုင်ကြားခံရသူ၏ ဖြေရှင်းလွှာကို တောင်းခံခဲ့ကြောင်း ကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။
“ပထမဆုံး ဒီအမှုကို စတင် အကောင်အထည်ဖော်တာပါ။ အစ်ကိုတို့အနေနဲ့ တိုင်ကြားထားတာ ရှိတယ်ဆိုရင် တိုင်ကြားထားတဲ့ သူက ဘယ်လို တိုင်ကြားထားလဲ ဆိုတာကို တိုင်ကြားခံရသူကို တင်ပြတယ်။ တိုင်ကြားခံရသူကရော တိုင်ကြားထားတဲ့အပေါ်မှာ ဘာများပြန်လည် ဖြေရှင်းချင်လဲပေါ့။ ဒါကို တိုင်ကြားခံရသူရဲ့ ဖြေရှင်းလွှာကို တောင်းခံတယ်။ ဒီနေ့က ဒီအဆင့်ပါပဲ။ Eleven က တင်ပြတာ သူတို့ နည်းလမ်းကျတယ်ပေါ့နော်။ နည်းလမ်းကျတယ်ဆိုတာက တိုင်ကြားသူရဲ့ ပုဒ်မ အချက်အလက်တွေကို ကာယကံရှင်တွေ ရှိတယ်။ ခေါ်တွေ့ရမယ်။ တိုင်ကြားခံရသူတွေက တကယ်ကျင့်ဝတ်နဲ့ ဖောက်ဖျက်လား၊ မှားယွင်းလား ဆိုတာကို အဲဒါနဲ့ အစစ်ခံပါမယ်။ သူတို့ကို မေးမြန်းနိုင်ပါတယ်လို့ ပြောတဲ့အခါမှာ တင်ပြတယ်” ဟု ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။
ဆက်လက်၍ လုပ်ထုံးလုပ်နည်းအရ နိုဝင်ဘာ ၁၅ ရက် (ကြာသာပတေးနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ကောင်စီရုံးခန်းတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် Weekly Eleven Journal မှ အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား သတင်းမီဒီယာ ဥပဒေပုဒ်မ ၉ ၊ ပုဒ်မခွဲ (က)၊ (င)၊ (ဆ)၊ (စျ) တို့ဖြင့် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
