လီဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျီလ်ဗန်ဒိုက်သည် စာချုပ်သစ်ကိစ္စဆွေးနွေးမှုအခြေအနေကို ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဗန်ဒိုက် (၃၃ နှစ်) နှင့် လီဗာပူးလ်အသင်း၏စာချုပ်မှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း ဗန်ဒိုက်က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အတည်ပြုပြောကြားထားသည်။
သို့သော် ဗန်ဒိုက်အနေဖြင့် လီဗာပူးလ်အသင်း၏ ကနဦးကမ်းလှမ်းမှုမှာ မျှော်မှန်းထားသည့်အခြေအနေမျိုးမဟုတ်ဟု ခံစားနေရပြီး လစာကိစ္စ သို့မဟုတ် စာချုပ်သက်တမ်းနှင့်ပတ်သက်၍ အဆင်မပြေဖြစ်နေကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ကြောင့် နယူးကာဆယ်အသင်းနှင့် သရေကျသည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အနာဂတ်အခြေအနေနှင့်ပတ်သက်၍ သတင်းအသစ်ရှိသလားဟု မေးမြန်းရာ ဗန်ဒိုက်က "မရှိပါဘူး" ဟု တစ်ခွန်းတည်းသာ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗန်ဒိုက်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ နောက်ခံလူများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် ၇၅ သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။
၎င်းသည် ခုနစ်ရာသီအတွင်း လီဗာပူးလ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်၊ FA ဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီနှင့် လိဂ်ဖလား နှစ်ကြိမ် ဆွတ်ခူးရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
