မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် Asean Cup ပြိုင်ပွဲ အုပ်စု (B) အဖွင့်ပွဲ အဖြစ် ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
MFF သည် ကြိုတင်လက်မှတ်များကို ဒီဇင်ဘာ ၆ ရက်မှစတင်ကာ ရောင်းချပေးမည်ဖြစ်ပြီး MFF ရုံးတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချမည်ဖြစ်သည်။ ပွဲကစားမည့်နေ့တွင်လည်း အထူးတန်းလက်မှတ်များ ကို သုဝဏ္ဏဘောလုံးကွင်း ဂိတ်-၂၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏဘောလုံးကွင်း ဂိတ် -၈ တွင် ရောင်းချပေးမည်ဖြစ်သည်။ ကွင်းဝင်ကြေးအဖြစ် အထူးတန်းကျပ်ငါးထောင်၊ ရိုးရိုးတန်း ကျပ်နှစ်ထောင် သတ်မှတ်ထားသည်။
မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ပွဲကို ဒီဇင်ဘာ ၉ ရက် ည ၇ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဘောလုံးပွဲအပြီးတွင် ပရိသတ်များ အပြန်ခရီးအဆင်ပြေစေရန် ဘတ်စ်ကားများ အခမဲ့စီစဉ်ပေးထားကြောင်း သိရသည်။ MFF သည် ပရိသတ်များ အပြန်အဆင်ပြေစေရန်နှင့် နီးစပ်ရာနေရာများသို့ရောက်ရှိစေရန် ဘတ်စ်ကားများ စီစဉ်ထားခြင်းဖြစ်ပြီး ပို့ဆောင်မည့်လမ်းကြောင်းကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခု ကျင်းပမည့် Asean Cup ပြိုင်ပွဲတွင် အုပ်စုလေးပွဲအနက် အင်ဒိုနီးရှား၊ လာအိုအသင်း တို့နှင့်ပွဲများကို အိမ်ကွင်းလက်ခံကစားရမည် ဖြစ်ပြီး အင်ဒိုနီးရှားနှင့်ပွဲကို ည ၇ နာရီမှ ကျင်းပမည်ဖြစ်သော်လည်း လာအိုအသင်းနှင့် ပွဲကိုမူ ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီ တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်က မြန်မာ့လက်ရွေးစင် အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ၊ ခြေစစ်ပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့၌ ကျင်းပခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များ တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌သာ ကျင်းပလျက်ရှိသည်။
၂၀၂၄ Asean Cup ပြိုင်ပွဲကို အုပ်စု နှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (B) တွင် ဗီယက်နမ်၊ အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့်အတူ ကျရောက်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
