Top News

၃၂ သင်းအဖြစ် ပထမဆုံးအကြိမ်ကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် အနည်းဆုံး ယူရိုသန်း ၅၀ အထိရဖွယ်ရှိ
24htopnews | December 7, 2024 4:12 PM CST

 

၃၂ သင်းအဖြစ် ပထမဆုံးအကြိမ်ကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုများ မဲနှိုက်ရေးဆွဲပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်မည့် အသင်းတစ်သင်းလျှင် အနည်းဆုံး ယူရို သန်း ၅၀ အထိရဖွယ်ရှိကြောင်း သိရသည်။

ပုံစံအသစ်ဖြင့်ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပမှ ၁၂ သင်း၊ တောင်အမေရိကမှ ခြောက်သင်း၊ အာရှ၊ အာဖရိက နှင့် ကွန်ကာကပ်ဖ်မှ လေးသင်းစီ၊ သမုဒ္ဒရာပိုင်းနှင့် အိမ်ရှင်အမေရိကန်ကလပ် တစ်သင်းစီ ယှဉ်ပြိုင်ခွင့်ရရှိထားပြီး လေးသင်းတစ်အုပ်စုအဖြစ် အုပ်စုရှစ်ခု မဲနှိုက်ရွေးချယ်ခဲ့သည်။ မဲခွဲပွဲအခမ်းအနားကို မိုင်ယာမီမြို့ရှိ Telemundo ရုပ်သံဌာန၏ ရုံးချုပ်၌ပြုလုပ်ပြီး အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရန့်က ဗီဒီယိုမက်ဆေ့ချ်ပေးပို့၍ အမှာစကားပြောကြားခဲ့သည်။

မဲနှိုက်ရွေးချယ်မှုအရ အုပ်စု (A) တွင် ပါလ်မီးရပ်စ်၊ ပေါ်တို၊ အယ်လ်အာလီ၊ အင် တာမိုင်ယာမီ၊ အုပ်စု (B) တွင် PSG ၊ အက်သလက်တီကို၊ ဘိုတာဖိုဂို၊ ဆီယက်တဲလ်ဆောင်းဒါး၊ အုပ်စု (C) တွင် ဘိုင်ယန်မြူးနစ်၊ အော့ကလန်စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီ ကာ၊ အုပ်စု (D) တွင် ဖလာမင်ဂို၊ တူနစ်၊ ချယ်လ်ဆီး၊ လီယွန်၊ အုပ်စု (E) တွင် ရေးဗားပလိတ်၊ အူရာဝရက်ဒိုင်းမွန်း၊ မွန်တာရေး၊ အင်တာမီလန်၊ အုပ်စု (F) တွင် ဖလူမင်နန်ဆီ၊ ဒေါ့မွန်၊ အူလ်ဆန် HD၊ မာမီလိုဒီဆန်းဒေါင်း၊ အုပ်စု (G) တွင် မန်စီးတီး၊ ဝီဒက် AC၊ အယ်လ်အိန်း၊ ဂျူဗင်တပ်စ်၊ အုပ်စု (H) တွင် ရီးယဲလ်မက်ဒရစ်၊ အယ်လ်ဟီလာ၊ ပါချူကာ၊ ဆာလ်ဇ် ဘာ့ဂ်အသင်းတို့ ပါဝင်နေသည်။ အုပ်စုတစ်ခုလျှင် ထိပ်ဆုံးနှစ်သင်းစီ ၁၆ သင်းသို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ မြို့ ၁၁ မြို့၌ ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၃ ရက် အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် ချီးမြှင့်မည့်ဆုကြေးကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ အင်ဖန်တီနို၏ ကနဦးအဆိုပြုချက်အရ ပါဝင်ယှဉ်ပြိုင်မည့် အသင်းတစ်သင်းလျှင် ယူရိုသန်း ၅၀ အထိရရှိနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK