Top News

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ခံ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့
24htopnews | December 7, 2024 6:12 PM CST

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ခံ အမျိုးသားတစ်ဦးတစ်ဦးမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ အသက်(၄၀)နှစ်အရွယ် ဦးဇေယျာအောင် ဖြစ်ကြောင်း နှင့် ၎င်းမှာ ဒီဇင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းအချိန်က အထက်အလူးလေးကျေးရွာဘက်သို့ အလုပ်ကိစ္စတစ်ခုဖြင့်သွားရောက်စဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် တွေ့ပြီး ဖမ်းဆိးခံခဲ့ရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဦးဇေယျာအောင်ရဲ့ ရုပ်အလောင်းကို အထက်အလူးလေးကျေးရွာ သင်္ချိုင်းကုန်းအနီးမှာတွေ့ရှိခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။ဦးဇေယျာအောင်မှာ  ရင်ဘတ်တွင် ကျည်ဖေါက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၉)ရက်နေ့ ညပိုင်းအချိန်ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာနေ အသက် (၄၀) နှစ်အရွယ် ဦးချစ်ကို ဆိုသူအားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နှင့် နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဦးချစ်ကို၏ ရုပ်အလောင်းအား ဝါးဒက်ကွင်းကျေးရွာထပ်ရှိ ရော်ဘာခြံအတွင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယခုနှစ် မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် (၆၂) ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

 


READ NEXT
Cancel OK