အရှေ့ဒဂုံ စက်မှုဇုန်ရှိ ကော်စေ့စက်ရုံ မီးလောင်မှု Level 2 အဆင့် ငြိှမ်းသတ်ခဲ့ရပြီး မီးလောင်မှုမှာ ၉ နာရီကျော် ကြာမြင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံအရှေ့မြို့နယ် ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ အဆိုပါကော်စေ့ စက်ရုံမှာ ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် နံနက် ၃ နာရီ ၄၂ မိနစ်ခန့်မှသာ မီးငြိမ်း ခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ကနဦးတွင် ငြိမ်းသတ်နိုင် ခဲ့ပြီဟု ထင်ရသော်လည်း ည ၉ နာရီခန့်တွင် မီးဆက်လက်လောင်ကျွမ်းမှုကြောင့် Level 2 အဆင့်သို့ တိုးမြှင့်ကာ ငြိှမ်းသတ်ခဲ့ရခြင်းဖြစ် သည်။
“ကနဦးတုန်းကတော့ မီးထိန်းနိုင်ပြီထင် တာ။ အောက်မှာ တငွေ့ငွေ့လောင်နေပြီးတော့ ည ၉ နာရီလောက်ကျတော့ Level 2 သတ်မှတ် လိုက်ရတယ်။ စက်ရုံကတော့ တရုံတည်းပဲ လောင်သွားတာ။ မီးက ဒီနေ့မနက်ကျမှ ငြိမ်း သွားတယ်”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိ ခဲ့သည့် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ကော်စေ့စက်ရုံ နောက်ဘက်ရှိ ရေခဲသေတ္တာအခွံ၊ အဲကွန်းအခွံ အစရှိ သည် တို့ကို စွန့်ပစ်ထားသည့်နေရာတွင် မီးလောင် မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုတွင် မီးငြှိမ်းသတ်လျက်ရှိ သည့် မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစချင်းတော့ မီးသတ်တပ်ဖွဲ့ဝင်လေး ဦး ဒဏ်ရာရတယ်။ အခု နောက်ထပ် နှစ် ယောက် ဒဏ်ရာထပ်ရတယ်။ မီးဟပ်တဲ့ ဒဏ် ရာပေါ့” ဟု ကရုဏာကမ်းလက်လူမှုကူညီ ကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ် ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
