Top News

လန်ဒန်ပြင်ပ ကလပ်အသင်းများ FA ဖလားဗိုလ်လုပွဲသို့ တက်ရောက်ပါက ၎င်းတို့၏ပရိသတ်များ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့် ရဖွယ်မရှိ
24htopnews | December 8, 2024 2:12 AM CST

ယခုရာသီ FA ဖလားဗိုလ်လုပွဲသို့ လန်ဒန်ပြင်ပကလပ်အသင်းများ တက်ရောက်ခဲ့ပါက ယင်းအသင်းများ၏ ပရိသတ်များအနေဖြင့် ကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့်ရဖွယ်မရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

ယခုရာသီ FA ဖလားဗိုလ်လုပွဲကို လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းတွင် မေလ(၁၅)ရက်နေ့၌ ပုံမှန်အတိုင်း ကျင်းပရန် စီစဉ်ထားသည်။

ဗြိတိန်အစိုးရက ရေးဆွဲထားသည့် ကိုရိုနာဗိုင်းရပ်စ်လမ်းပြမြေပုံအရ မေ (၁၈)ရက်နေ့ နောက်ပိုင်းမှသာ ပရိသတ်များအနေဖြင့် ကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့်ရရှိမည်ဖြစ်သော်လည်း ယင်းနေ့မတိုင်မီကျင်းပမည့် FA ဖ လားဗိုလ်လုပွဲတွင် ပရိသတ်ဦးရေ(၂)သောင်းခန့်ကို ကွင်းအတွင်းဝင်ရောက် ကြည့်ရှုခွင့်ပေးရန် အင်္ဂလန်ဘောလုံးတာဝန်ရှိသူများက စီစဉ်ထားသည်။

သို့သော် ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်တားမြစ်ကန့်သတ်ချက်အချို့ ရှိနေသေးခြင်းကြောင့် ကွင်းအတွင်း၌ (လန်ဒန်မြို့ရှိ)ဒေသခံများကိုသာ ကြည့်ရှုခွင့်ပေးရန် အားကစားထိပ်သီးတာဝန်ရှိသူများက စီစဉ်နေကြောင်း သိရှိရသည်။

သို့ဖြစ်ရာ လန်ဒန်ပြင်ပမှ အင်္ဂလန်ကလပ်အသင်းကြီးများဖြစ်သော မန်ယူ၊ မန်စီးတီး၊ အဲဗာတန်အသင်းတို့  ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါက ၎င်းတို့၏ ပရိသတ်များမှာ ယင်းဗိုလ်လုပွဲအား ရုပ်သံမှသာ ကြည့်ရဖွယ်ရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK