ဘာစီလိုနာအသင်းသည် အသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားနှင့် တိုက်ရိုက်အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း အီတလီအားကစားဝက်ဘ်ဆိုက် Calciomercato က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်း (၂၉ နှစ်)ကို ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် စာချုပ်လျော်ကြေး ယူရိုသန်း (၁၂၀)ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများရင်ဆိုင်နေရပြီး ၎င်းကို ရောင်းထုတ်ရန်တောင်းဆိုမှုများလည်း ရှိနေသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် ဂရီးဇ်မန်းကို ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလားနှင့် တိုက်ရိုက်အလဲအထပ်ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ၂၀၂၂ ခုနှစ်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားကို စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိကြောင်း သိရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ၂၀၂၂ ခုနှစ်တွင် ဒီဘားလားကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသည့်အတွက် ဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေကြောင်း သိရှိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာ ကွင်းလယ်လူ အာသာကို ယာနစ်အား အလိုက်ပေးခေါ်ယူခဲ့ဖူးသည်။
ထို့ကြောင့် လာမည့်နွေရာသီတွင် ဘာစီလိုနာတိုက်စစ်မှူး ဂရီးဇ်မန်းနှင့် ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒီဘားလားတို့ အလဲအထပ်ပြုလုပ်မည့် အစီအစဉ်မှာ ဖြစ်မြောက်လာဖွယ်ရှိနေကြောင်း Calciomercato က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
