Top News

အင်တာမီလန်ကစားသမားဘဝအစပိုင်းတွင် ရုန်းကန်ခဲ့ရသဖြင့် စိတ်ပျက်ခဲ့ရသော်လည်း အသင်းမှထွက်ခွာရန် လုံးဝမစဉ်းစားခဲ့ကြောင်း အဲရစ်ဆင် ဖွင့်ဟ
24htopnews | December 8, 2024 2:12 AM CST

အင်တာမီလန်အသင်းကွင်းလယ်လူ အဲရစ်ဆင်က အင်တာမီလန်ကစားသမားဘဝအစပိုင်းတွင် ရုန်းကန်ခဲ့ရသဖြင့် စိတ်ပျက်ခဲ့ရသော်လည်း အသင်းမှထွက်ခွာရန် လုံးဝမစဉ်းစားခဲ့ကြောင်း TV2 Sport နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

    

အသက် (၂၉)နှစ်အရွယ်ရှိ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပါးအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

အဲရစ်ဆင်သည် အင်တာမီလန်ကစားသမားဘဝ အစပိုင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး အသင်းမှထွက်ခွာရန်အထိ သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် ၎င်းသည် နောက်ပိုင်းပွဲစဉ်များတွင် အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး အသင်းမှထွက်ခွာရန် တစ်ခါမှ မစဉ်းစားဖူးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဒီရာသီက ကျွန်တော့်အတွက် ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးနဲ့ တောင်းဆိုမှုအများဆုံးရာသီတစ်ခုပါပဲ။ ဘဝမှာ အောင်မြင်မှု၊ ကျဆုံးမှု၊ အတက်အကျဆိုပြီး ရှိပါတယ်။ ဒါပေမဲ့ အခု အချိန်မှာတော့ ကျွန်တော့်အနေနဲ့ အဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီလို့ ခံစားရပါတယ်။ အင်တာမီလန်အသင်းက ထွက်ဖို့ ဘယ်တုန်းကမှ ကျွန်တော် မစဉ်းစားခဲ့ဖူးပါဘူး။ ကျွန်တော်နဲ့ ထိုက်တန်တဲ့ နေရာအတွက် တိုက်ပွဲဝင်ခွင့်ကိုပဲ ကျွန်တော် တောင်းဆိုခဲ့တာပါ။ အင်တာမီလန်ကို စရောက်တုန်းက ဘောလုံးကစားခွင့်မရခဲ့တာကြောင့် ကျွန်တော် အတော်လေး စိတ်ပျက်ခဲ့ရပါတယ်"ဟု အဲရစ်ဆင် က ပြောကြားခဲ့သည်။ 

ထို့ပြင် အဲရစ်ဆင်က မီလန်မြို့မှာ အလွန်လှပသည့်မြို့တစ်မြို့ဖြစ်ပြီး မိသားစုနှင့်အတူ နေထိုင်ခွင့်ရသည့်အတွက် ပျော်ရွှင်ကြောင်းလည်း ဆိုခဲ့သည်။ အဲရစ်ဆင်သည် ယခုရာသီတွင်အင်တာအတွက် ပြိုင် ပွဲစုံ (၂၃)ပွဲတွင် (၁)ဂိုး သွင်းယူထားသည်။ 


READ NEXT
Cancel OK