ကမ္ဘာ့နံပါတ် (၁)တင်းနစ်သမားဖြစ်သည့် ဂျိုကိုဗစ် သည် ရော်ဂျာဖက်ဒါရာ တင်ရှိထားသည့် ကမ္ဘာ့အဆင့် (၁) နေရာတွင် အချိန်အကြာဆုံးရပ်တည်နိုင်သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် COVID-19 Lockdown စည်းမျဉ်းကိုချိုးဖောက်ကာ အောင်ပွဲခံအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြန်ကြောင်း သိရှိရသည်။
ဆားဘီးယားတင်းနစ်ကြယ်ပွင့် ဂျိုကိုဗစ်သည် သူနေထိုင်ရာ ဆားဘီးယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ်မြို့တွင် ယင်းစံချိန်အတွက် အောင်ပွဲခံအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆားဘီးယားပရိသတ်များစွာ ပါဝင်ခဲ့ကြကြောင်းလည်း သိရှိရသည်။ လမ်းမများပေါ်တွင် ပရိသတ်များစွာရှိနေခဲ့ကြပြီး မီးရှူးမီးပန်းများပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြပြီး ပရိသတ်များသည် ဂျိုကိုဗစ်၏အမည်ကို အော်ဟစ်ဂုဏ်ပြုမှုများလည်း ပြုလုပ်ခဲ့ကြသည်။
အသက် (၃၃) နှစ်အရွယ်ရှိ ဂျိုကိုဗစ်သည် ကစားသမားဘဝတစ်လျှောက်တွင် ကမ္ဘာ့အဆင့် (၁)နေရာ၌ (၅)ကြိမ် ရပ်တည်ခဲ့ဖူးပြီး ယင်း (၅)ကြိမ်ပေါင်း ကြာမြင့်ချိန်မှာ ရက်သတ္တပတ်ပေါင်း (၃၁၁)ပတ်အထိရှိခဲ့ပြီဖြစ်ရာ ဖက်ဒါရာ၏ (၃၁၀) ပတ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဆားဘီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ဦးရေမှာ (၄၈၉၅၃၀)ဦး၊ သေဆုံးသူ ဦးရေ (၄၅၇၉) ဦးအထိ ရှိနေပြီး ယခုအထိလည်း နေ့စဉ်ကူးစက်နှုန်း (၃၈၂၈)ဦး အထိ ရှိနေချိန်၌ ဂျိုကိုဗစ်က ယင်းကဲ့သို့ အခမ်းအနားပြု လုပ်ခဲ့ခြင်းအတွက် ဝေဖန်မှုများရှိနေသည်။ သူသည် ယခင်ကလည်း COVID စည်းမျဉ်းချိုးဖောက်ကာ ရန်ပုံငွေပွဲ ကျင်းပခဲ့ခြင်း၊ ဘဲလ်ဂရိတ်မြို့ရှိ နိုက်ကလပ်တွင် ပါတီပွဲ ကျင်းပခဲ့ခြင်းများ ရှိခဲ့ဖူးပြီး ကိုယ်တိုင်လည်း COVID-19 ကူးစက်ခံခဲ့ရဖူးသူဖြစ်သည်။
ဂျိုကိုဗစ်နှင့် ဇနီးသည်ဖြစ်သူ ယလီနာတို့သည် COVID နှင့်ပတ်သက်၍ ရှေးရိုးစွဲအမြင်ရှိသူများဖြစ်ပြီး ဂျိုကိုဗစ်က COVID စည်းမျဉ်းကို အယုံအကြည်မရှိကြောင်း ပြောဆိုဖူးသလို၊ ယလီနာကလည်း 5G ကွန်ရက်များကြောင့် COVID-19 ပျံ့နှံ့သည်ဆိုသည့် Video များကို မျှဝေခဲ့ဖူးကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
