လာလီဂါချန်ပီယံဆုအတွက် ရာသီနောက်ဆုံးပိတ်ပွဲစဉ်အထိ ယှဉ်ပြိုင်ရမည်ဟု ဘာစီလိုနာနည်းပြ ကိုးမန်းဆို
24htopnews | December 8, 2024 2:12 AM CST
ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ယခုရာသီ လာလီဂါချန်ပီယံဆုအတွက် ရာသီနောက်ဆုံးပိတ်ပွဲစဉ်အထိ ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ လာလီဂါအမှတ်ပေးဇယား ရပ်တည်မှုတွင် ဇယားထိပ်ဆုံးမှ အက်သလက်တီကိုအသင်း နှင့် အဆင့် (၂) နေရာမှ ဘာစီလိုနာအသင်းတို့အကြား အမှတ်ကွာဟမှုမှာ (၄) မှတ်သာရှိသောကြောင့် ကိုးမန်းက ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
ကိုးမန်းက "ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ဒီရာသီဟာ အလွန်ရှည်ကြာတဲ့ ရာသီတစ်ခုပါ။ ချန်ပီယံဆုအတွက်တော့ နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်ရပါလိမ့်မယ်။ အက်သလက်တီကို၊ ရီးယဲလ်မက်ဒရစ်တို့ အတွက်လည်း အလွန်ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့လည်း တစ်ဆင့်ချင်းကြိုးစားသွားရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
