ဆယ်ကျော်သက်ကွင်းလယ်လူ ဟန်နီဘယ်လ်ကို မန်ချက်စတာယူနိုက်တက်အသင်း သက်တမ်းရှည်စာချုပ်ချုပ်
24htopnews | December 8, 2024 2:12 AM CST
မန်ချက်စတာယူနိုက်တက်အသင်းသည် ၂၀၁၉ ခုနှစ်က မိုနာကိုအသင်းထံမှ ခေါ်ယူထားသော ဆယ်ကျော်သက်ကွင်းလယ်ကစားသမား ဟန်နီဘယ်လ်ကို သက်တမ်းရှည်စာချုပ် ချုပ်ဆိုလိုက်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ဟန်နီဘယ်လ်(၁၈ နှစ်)သည် ပြင်သစ်နိုင်ငံ တွင် မွေးဖွားပြီး ပြင်သစ်လူငယ်အသင်းများကို ကိုယ်စားပြုကစားခဲ့သော်လည်း ၎င်း၏ မိဘများမှာ တူနီးရှားနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် ဟန်နီဘယ်လ်ကို ဥရောပထိပ်သီးအသင်းများနှင့် အပြိုင်ကြိုးပမ်းကာ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုရာသီတွင် ယူ-၂၁ အသင်း၌ စတင်ပွဲထုတ်ခဲ့သလို၊ ယူ-၂၃ အသင်းအတွက် ရွေးချယ်ခဲ့ပြီးနောက် ယခုအ ခါ သက်တမ်းရှည်စာချုပ်ချုပ်ဆိုကာ အသင်းကြီး၏လူစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
