Top News

နာမည်ကျော် ဟဲဗီးဝိတ်လက်ဝှေ့သမား နှစ်ဦးဖြစ်သည့် ဂျိုရှူအာနှင့် တိုင်ဆန်ဖျူရီတို့ လက်ဝှေ့ပွဲနှစ်ပွဲ ထိုးသတ်ရန် လက်မှတ်ရေးထိုး
24htopnews | December 8, 2024 2:12 AM CST

 

နာမည်ကျော် ဟဲဗီးဝိတ်လက်ဝှေ့သမား နှစ်ဦးဖြစ်သည့် ဂျိုရှူအာနှင့် တိုင်ဆန်ဖျူရီတို့သည် လက်ဝှေ့ပွဲနှစ်ပွဲ ထိုးသတ်ရန် အပြီးသတ် လက်မှတ်ရေးထိုးကာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလက်ဝှေ့ပွဲနှစ်ပွဲ ထိုးသတ်မှုအတွက် ကစားသမားနှစ်ဦးအနေဖြင့် တစ်ဦးလျှင် ပေါင်သန်း(၁၀၀)ရရှိမည်ဖြစ်သောကြောင့် ဗြိတိန်မီဒီယာများက ပေါင်သန်း(၂၀၀)တန် ကြေးရှိသည့် သဘောတူညီမှုဟု တင်စားဖော်ပြခဲ့ကြသည်။ ထို့ပြင် ပထမဆုံးပွဲစဉ်ကို ဇွန်လ နောက်ဆုံးပတ် (သို့မဟုတ်)ဇူလိုင်လ ပထမပတ်တွင် ကျင်းပရန် ရည်ရွယ်ထားပြီး ကျင်းပမည့် နေ့ရက်နှင့် နေရာကို လာမည့်လအတွင်း အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရသည်။

ဗြိတိန်လက်ဝှေ့သမိုင်းတွင် အကြီးကျယ်ဆုံးဖြစ်လာမည့် အဆိုပါလက်ဝှေ့ပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပဖွယ်ရှိသည်ဟု ထင်ကြေးပေးနေကြပြီး ပွဲစီစဉ်သူများက လန်ဒန်၊ ကာတာနှင့် စင်ကာပူအပါအဝင် နေရာ(၈)ခုကို လျာထားကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။ 


READ NEXT
Cancel OK