လာဇီယိုအသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီက အဓိကတိုက်စစ်မှူး အီမိုဘီလီ ဂိုးမိုးခေါင်နေခြင်းအတွက် စိတ်မပူကြောင်း ပြောကြားခဲ့သည်။ အီမိုဘီလီသည် ပြီးခဲ့သည့် (၅)ပွဲဆက် ဂိုး မသွင်းနိုင်ဘဲ ဂိုးမိုးခေါင်နေခြင်းဖြစ်သည်။
သို့သော် ဆီမြွန်နီအင်ဇာဂီက အီမိုဘီလီသည် လက်ရှိရာသီစီးရီးအေ တွင် (၁၄)ဂိုးအထိ သွင်းယူထားသဖြင့် သူ့ထံမှ သွင်းဂိုးများမကြာမီပြန်မြင်ရလိမ့်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထို့ပြင် ဆီမြွန်နီအင်ဇာဂီက ဘိုင် ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အစွမ်းရှိသမျှတုံ့ပြန် ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာဇီယိုအသင်းသည် ပထမအကျော့အိမ်ကွင်းပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ဆီမြွန်နီအင်ဇာဂီက "ဘိုင်ယန်က စပါးကို (၇)ဂိုး၊ ဘာစီိလိုနာကို (၈)ဂိုးသွင်းခဲ့တာ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာလုပ်သွားမှာပါ"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
