ဘူရီယမ်အသင်းနည်းပြဖြစ်သူ အလက်ဇန္ဒားဂါမာက တိုက်စစ်မှူးအောင်သူမှာ ရရှိထားသည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် မတ်လတတိယပတ်အတွင်း ဘောလုံးကစားနိုင်ဦးမည်မဟုတ်ကြောင်း Eleven Sports ၏ ဆက်သွယ်မေးမြန်းမှု ကို အတည်ပြုဖြေကြားခဲ့သည်။
ဘရာဇီးလ်လူမျိုး နည်းပြဖြစ်သူ အလက် ဇန္ဒားဂါမာက တိုက်စစ်မှူး အောင်သူအနေဖြင့် လေ့ကျင့်ရေးကွင်း၌ ရရှိထားသည့် ခြေချင်းဝတ် ဒဏ်ရာကြောင့် ရက်အနည်းငယ် ဆက်လက်အနား ယူရဦးမည်ဖြစ်ကြောင်း၊ မတ်လတတိယပတ်အတွင်း ဘောလုံးကစားနိုင်ဦးမည်မထင်ကြောင်း၊ သို့သော် ပရိသတ်များအနေဖြင့် အောင်သူကို အမြန်ဆုံး ပြန်လည်မြင်တွေ့ရဖွယ်ရှိကြောင်း အစရှိသဖြင့် Eleven Sports သို ့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်အသင်းအတွက် ကစားခွင့်မရသည်မှာ (၇) ပွဲအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အောင်သူသည် ဘူရီယမ်အသင်းသို့ ရောက်ရှိချိန်မှစ၍ ပွဲချိန်ပြည့်(၁)ပွဲနှင် လူ စားဝင်ကစားခွင့် (၃) ပွဲသာရရှိထားသေးကြောင်း သိရသည်။ အောင်သူသည် ယခုနှစ်ရာသီ ထိုင်းလိဂ် -၁ ပြိုင်ပွဲ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ဘူရီယမ်အသင်းသို့ MNL ကလပ် ရတနာပုံအ သင်းမှ (၂) နှစ်စာ ချုပ်ဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။
အောင်သူသည် ဖေဖော်ဝါရီ (၁၆) ရက်က ဘူရီယမ်အသင်းနှင့် Rayong အသင်း ကစားခဲ့သည့်ပွဲတွင် နောက်ဆုံးပါဝင်ခဲ့သည်။ အောင်သူသည် Rayong အသင်းနှင့်ပွဲအပါအဝင် ဘူရီယမ်အသင်းအတွက် (၄)ပွဲကစားထားပြီး (၁)ဂိုး သွင်းယူပေးထားသည်။ အောင်သူသည် ဖေဖော်ဝါရီ (၆)ရက်က ရတ်ချာဘူရီအသင်းအား(၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဂိုးသွင်းယူထားခြင်းဖြစ်သည်။
အောင်သူသည် ပွဲစဉ် (၂၁) မှ (၂၇) အထိ ကစားခဲ့သည့် ဘူရီယမ်အသင်း၏ ထိုင်းလိဂ်-၁ အမှတ်ပေးပြိုင်ပွဲ (၇)ပွဲစလုံးကို လွဲချော်ထားသည်။ ဘူရီယမ်အသင်းသည် ပွဲစဉ် (၂၈)အဖြစ် မတ် (၁၈)ရက်တွင် ဘန်ကောက်ယူနိုက်တက်၊ ပွဲစဉ် (၂၉)အဖြစ် မတ် (၂၁) ရက်တွင် ပရာချွတ်၊ ပွဲစဉ် (၃၀)အဖြစ် မတ် (၂၈) ရက်တွင် Police Tero အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
