Top News

စီရော်နယ်လ်ဒို ပြန်ရောက်လာနိုင်သည်ဆိုသော ထင်ကြေးသတင်းများမှာ အမှန်တကယ်ဖြစ်လာနိုင်သည်ဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား
24htopnews | December 8, 2024 2:12 AM CST

 

ရီးယဲလ်အသင်း၏နည်းပြ ဇီဒန်းက အသင်းသို့ စီရော်နယ်လ်ဒို ပြန်ရောက်လာနိုင်သည်ဆိုသော ထင်ကြေးသတင်းများမှာ အမှန်တကယ်ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် အသက်(၃၆)နှစ်ရှိပြီဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနေဆဲဖြစ်ပြီး ထိပ်တန်းအဆင့်၌ နောက်ထပ်နှစ်များစွာ ဆက်လက်ရပ်တည်နိုင်လိမ့်မည်ဟုလည်း သုံးသပ်ခံထားရသည်။ သို့သော် ဂျူဗင် တပ်စ်အသင်းသည်  မျှော်မှန်းထားသည့် ချန်ပီယံလိဂ်အောင်ပွဲကို ရယူနိုင်ခြင်းမရှိသည့်အတွက် စီရော်နယ်လ်ဒိုကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ရီးယဲလ်အသင်းသို့ ပြန်ရောက်နိုင်ကြောင်း ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် စီရော်နယ်လ်ဒိုကို ပြောင်းရွှေ့ကြေးရရှိချိန်၌ ပြန်လည် ရောင်းထုတ်ရန် လိုလားနေကြောင်းလည်း သိရသည်။ 

စီရော်နယ်လ်ဒိုကို ခေါ်ယူရန် အသင်းဟောင်း မန်ယူအ ပါအဝင် ပရီးမီးယားလိဂ်မှ အသင်းအချို့က စိတ်ဝင်စားနေသ လို၊ ရီးယဲလ်အသင်းကလည်း ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေ ကြောင်း နာမည်ကျော် ဘောလုံးအေးဂျင့်အချို့ကလည်း သုံးသပ်ခဲ့ကြသည်။ 

ယင်းအခြေအနေနှင့် ပတ်သက်၍ ဇီဒန်းက "မှန်ပါတယ်။ ဒီကောလာဟလသတင်းတွေက အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဘယ်လိုကစားသမားမျိုးလဲ၊ ရီးယဲလ်အသင်းမှာ ဘာတွေလုပ်ဆောင်ပေးခဲ့သလဲဆို တာ အားလုံးသိထားကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ သူက ဂျူဗင်တပ်စ်ကစားသမားပါ။ ဒါကို လေးစားဖို့ လိုပါတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ သူနဲ့ လက်တွဲခွင့်ရခဲ့တာ ကျွန်တော် ကံကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK