ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၄)အတွင်း ဝင်ရောက်နိုင်မည်မဟုတ်ဟု ခန့်မှန်းပြောဆိုခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ရယူနိုင်ခဲ့သော်လည်း ယခုရာသီ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့နေရပြီး ဒုတိယရာသီဝက်တွင် ရလဒ်များ ဆိုးရွားမှုကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၄၆)မှတ်ဖြင့် အဆင့် (၆)နေရာတွင် ရပ်တည်နေကာ အဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်း(၅၁ မှတ်)နှင့် (၅)မှတ် ကွာဟနေသည်။
ထို့ကြောင့် ကာရေဂါက လီဗာပူးလ်အနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်မည်ဟု Sky Sports ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကာရေဂါက "ဒီရာသီက လီဗာပူးလ်အတွက် ထူးခြားတဲ့ရာသီ ဖြစ်ပါတယ်။ တခြားအသင်းတွေလည်း ရှုံးပွဲတွေ့ကြပါတယ်။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာတော့ လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် (၄)အတွင်း မဝင်နိုင်ဘူးလို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ လီဗာပူးလ်အနေနဲ့ ချယ်လ်ဆီး၊ လက်စတာတို့ကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ လီဗာပူးလ်အနေနဲ့ လက်စတာနဲ့ ချယ်လ်ဆီးအသင်းတွေ ခြေချော်မယ်ဆိုရင်တောင် သူတို့အနေနဲ့ အဲဒါကို အခွင့်အရေးယူနိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးရွားနေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
