Top News

မန်ယူနှင့်ကစားမည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲတွင် အီဘရာဟီမိုဗစ် ပါဝင်နိုင်ဖွယ်ရှိ
24htopnews | December 8, 2024 2:12 AM CST

အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အသင်းဟောင်း မန်ယူအသင်းနှင့်ကစားရမည့် ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း သိရှိရသည်။ 

အသက် (၃၉)နှစ်အရွယ်ရှိ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ဖေဖော်ဝါရီလ (၂၈)ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ရိုးမား (၁-၂) အေစီမီလန်ပွဲတွင် ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့သည်။ 

၎င်းသည် အဆိုပါဒဏ်ရာကြောင့် မတ်လ (၁၁)ရက်က ကစားခဲ့သည့် ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်(ပထမအကျော့)ပွဲစဉ် မန်ယူ (၁-၁) အေစီမီလန်ပွဲအပါအဝင် အေစီမီလန်အသင်း၏ ပြိုင်ပွဲစုံပွဲစဉ် (၄)ပွဲကို လွဲချော်ခဲ့ရသည်။ 

သို့သော် ယခုအခါ အီဘရာဟီမိုဗစ်သည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ပြီး ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် အီဘရာဟီမိုဗစ်အနေဖြင့် မတ်လ (၁၈)ရက်တွင် ကစားမည့် မန်ယူအသင်းနှင့် ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲ အိမ်ကွင်းပွဲ၌ ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အီဘရာဟီမိုဗစ်သည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၁၆)ဂိုးအထိ သွင်းယူပေးထားသည်။


READ NEXT
Cancel OK