ဘိုင်ယန်မြူးနစ် - လာဇီယို (မြန်မာစံတော်ချိန် မတ်လ ၁၈ ရက် နံနက် ၂း၃၀ နာရီ)
လာဇီယိုက အသင်းကောင်းတစ်သင်းဆိုပေမဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်ရဲ့ Form ကို ရပ်တန့်ဖို့က မဖြစ်နိုင်ဘူး။ ဘိုင်ယန်က ချန်ပီယံလိဂ်နဲ့ဝေးခဲ့တဲ့ ကာလတွေမှာ ဂိုးသွင်းနှုန်းကျခဲ့ပေမဲ့ နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက် ပြန်သွင်းနေတာကို တွေ့ရတယ်။ လာဇီယိုကလည်း အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပြီးသားဆိုပေမဲ့ ဘိုင်ယန်မြူးနစ်အတွက်တော့ ဂိုးပြတ်သွင်းဦးမယ့် နောက်တစ်ပွဲပါပဲ။
ချယ်လ်ဆီး - အက်သလက်တီကို (မြန်မာစံတော်ချိန် မတ်လ ၁၈ ရက် နံနက် ၂း၃၀ နာရီ)
ချယ်လ်ဆီးက Clean Sheet တွေ ဆက်တိုက်ယူနေတာ တွေ့ရတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ တိုက်စစ်ပိုင်းကလည်း ဂိုးရဖို့ တော်တော်လေး ခက်ခဲနေတယ်။ တူဟယ်လ်က တိုက်စစ်ကို ပုံစံအမျိုးမျိး သုံးကြည့်နေပေမဲ့ ဘောလုံးပိုင်ဆိုင်မှု အခြေပြု၊ စနစ်တကျထိန်းချုပ်ပြီး၊ တစ်ဂိုးသွင်းရင်နိုင်ဖို့ လုံလောက်တယ်ဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်နေတယ်။ တူဟယ်လ်လက်ထက် ချယ်လ်ဆီးရဲ့ခံစစ်မှတ်တမ်းက ဥရောပအကောင်းဆုံးအသင်းစာရင်းဝင်တယ်လို့တောင် ပြောနိုင်ပြီး၊ တိုက်စစ်က အခွင့်အရေးဖန်တီးမှုအပိုင်းကတော့ အားရစရာသိပ်မရှိဘူး။ အက်သလက်တီကိုရဲ့ ပြဿနာကလည်း ဂိုးရဖို့ ခက်ခဲနေခြင်းဖြစ်တယ်။ ဆွာရက်ဇ်ဦးဆောင်တဲ့ တိုက်စစ်က ဂိုးတွေသွင်းနေတယ်။ ခြေစွမ်းပြနေတယ်ဆိုပေမဲ့ ဂိုးသွင်းနှုန်းက အားရစရာမရှိဘူး။ ပထမအကျော့ အိမ်ကွင်းပွဲမှာတုန်းက အက်သလက်တီကိုက ချယ်လ်ဆီးကို ရှုံးသင့်လို့ကို ရှုံးခဲ့တာဖြစ်ပြီး ချယ်လ်ဆီးရဲ့ ကစားကွက်နဲ့ နည်းဗျူဟာအောက်မှာပဲရှိနေခဲ့တာ တွေ့ရတယ်။ ဒီပွဲမှာလည်း ချယ်လ်ဆီးက ပွဲကို ထိန်းပြီး အေးအေးဆေးဆေးပဲ ကစားဖို့ ရည်ရွယ်ထားလိမ့်မယ်။ ခံစစ်ကစားဖို့ ဆိုတဲ့အတွေးကို အက်သလက်တီကို ဖျောက်နိုင်ဖို့လိုပြီး တိုက်စစ်မဖွင့်ရင်တော့ ချယ်လ်ဆီးအကြိုက် ဖြစ်သွားလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
