Top News

ချယ်လ်ဆီးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း မားကို့စ်လော်ရန်တေး ပြောကြား 
24htopnews | December 8, 2024 2:12 AM CST

အက်သလက်တီကိုကွင်းလယ်တိုက်စစ်ကစားသမား မားကို့စ်လော်ရန်တေးက မိမိတို့အနေဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်(ပထမအကျော့)ပွဲတွင် ချယ်လ်ဆီးအသင်းကို အိမ်ကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ 

သို့သော် မားကို့စ်လော်ရန်တေးက မိမိအနေဖြင့် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းကို အဝေးကွင်းတွင် အနိုင်ယူခဲ့သလို၊ ချယ်လ်ဆီးအသင်းကိုလည်း အနိုင်ယူကျော်ဖြတ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မားကို့စ်လော်ရန်တေးက "ချယ်လ်ဆီးနဲ့ ကစားမယ့်ပွဲအတွက် ကျွန်တော်တို့တစ်သင်းလုံး စိတ်အားထက်သန်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကြိုးစားမယ်ဆိုရင် ရလဒ်ကောင်းကို ရရှိမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ ပွဲပေါင်းများစွာကို အကောင်းဆုံးကစားနိုင်ခဲ့ပြီး ချယ်လ်ဆီးနဲ့ပွဲမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်ကို အနိုင်ယူခဲ့သလို၊ ချယ်လ်ဆီးအသင်းကိုလည်း ကျွန်တော်တို့ အနိုင်ယူကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးနှင့် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲတွင် တိုက်စစ်မှူး ဂျော်အိုဖေးလစ်ကို ပွဲထွက်အဖြစ် အသုံးပြုသွားမည်ဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အတည်ပြုပြောကြားထားသည်။ 


READ NEXT
Cancel OK