Top News

ဆိုးလ်ရှားအနေဖြင့် ယခုရာသီတွင် ဆုဖလားတစ်ခုခု ရယူပေးနိုင်မှသာ အောင်မြင်သည့်ရာသီအဖြစ် သတ်မှတ်နိုင်မည်ဟု ဂယ်ရီနဗီးလ် ဆို
24htopnews | December 8, 2024 2:12 AM CST

လက်ရှိအချိန်၌ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူနည်းပြ ဆိုးလ်ရှားအနေဖြင့် ယခုရာသီတွင် ဆုဖလားတစ်ခုခု ရယူပေးနိုင်မှသာ အောင်မြင်သည့်ရာသီအဖြစ် သတ်မှတ်နိုင်မည်ဟု ပြောကြားခဲ့သည်။

    

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် အလားအလာကောင်းနေသော်လည်း ဂယ်ရီနဗီးလ်က ဒုတိယနေရာရရှိခဲ့လျှင်ပင် လုံလောက်မှုမရှိဟု ဆိုခဲ့သည်။ 

ဂယ်ရီနဗီးလ်က "ဆိုးလ်ရှားအနေနဲ့ အောင်မြင်တဲ့ရာသီတစ်ခုအဖြစ် အဆုံးသတ် နိုင်ဖို့ဆိုရင် ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရရှိရုံနဲ့ မလုံလောက်ပါဘူး။ ဆုဖလားတစ်ခုခု ရယူနိုင်မှ ဖြစ်မှာပါ။ ဒီလိုလုပ်ဆောင်နိုင်မှသာ လာမယ့်ရာသီမှာ မန်စီးတီးအသင်းကို အမီလိုက်ဖို့အတွက် ကစားသမားသစ်တွေကို ဆွဲဆောင်နိုင်မှာပါ"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် လာမည့်ရက်ပိုင်းအတွင်း၌ ချန်ပီယံလိဂ်တွင် အေစီမီလန်၊ FA ဖလားတွင် လက်စတာအသင်းတို့နှင့် အဆုံးအဖြတ်ပွဲစဉ်များ ယှဉ်ပြိုုင်ကစားရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ခုမှာ မန်ယူအသင်းအတွက် လက်ကျန်ဆုဖလားမျှော်လင့်ချက် များလည်းဖြစ်သည်။ 

ယင်းအခြေအနေနှင့် ပတ်သက်၍လည်း ဂယ်ရီနဗီးလ်က "လက်ရှိအချိန် မှာ မန်ယူအသင်းက ယုံကြည်မှုအပြည့်ရှိနေပြီလို့ ထင်ပါတယ်။ ဆုဖလားတွေအတွက် အဆုံးအဖြတ်ပေးမယ့် အစမ်းသပ်ခံရက်သတ္တပတ်ကို ဖြတ်သန်းနေရပေမဲ့ ရလဒ်ကောင်းတွေ ရယူနိုင် ခဲ့တာကြောင့် ဖိအားလည်း လျော့ပါးနေနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK