Top News

အဆုံးမသတ်သေးတဲ့ ကိုရိုနာဗိုင်းရပ်စ်
24htopnews | December 8, 2024 3:12 AM CST

အမေရိကန်နိုင်ငံမှာ ကိုဗစ် (COVID-19) ကပ်ရောဂါ အဆုံးတိုင်သွားပြီဖြစ်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၈ ရက်မှာထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံတွင်းနဲ့ ခရီးသွားလာရေးကဏ္ဍတို့မှာ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖယ်ရှားမှုဟာ ကပ်ရောဂါမတိုင်မီအဆင့်များဆီ ပြန်လည်ရောက်ရှိသွားခြင်းနဲ့အတူ အဆိုပါမှတ်ချက်များဟာ အမေရိကန်လူ့အဖွဲ့အစည်းအများအပြားရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်စေပါတယ်။

“ကပ်ရောဂါဆုံးခန်းတိုင်သွားပါပြီ။ ကိုဗစ်နဲ့အတူပြဿနာတစ်ရပ်ရှိနေဆဲပါ။ အလုပ်တွေအများကြီး လုပ်ရဦးမှာပါ။ ကပ်ရောဂါက ပြီးဆုံးသွားပါပြီ”လို့ ဂျိုးဘိုင်ဒင်က စီဘီအက် (CBS) သတင်းဌာနရဲ့”၆၀ မိနစ်” အစီအစဉ်မှာ ပြောခဲ့ပါတယ်။

“ဘယ်သူမှ နှာခေါင်းစည်း မတပ်တော့တာကို သတိထားမိကြမှာပါ။ လူတိုင်းကတော်တော်လေးကြည့် ကောင်းနေကြပြီ။ ပြောင်းလဲနေပြီလို့ ကျွန်တော်ထင်ပါတယ်”လို့ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက သူရော ဇနီးပါ ကိုဗစ်ဖြစ်ခဲ့ကြတယ်။

တရုတ်အစိုးရကလည်း နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးမြို့ကြီးမှာ သီတင်းပတ်များစွာကြာ ချမှတ်ထားတဲ့ လော့ဒေါင်း (lockdown)  စည်းမျဉ်းကို ရုပ်သိမ်းခဲ့ပါတယ်။ သီတင်းနှစ်ပတ်ကြာ နေအိမ်တွင်း နေထိုင်စေခဲ့ကာ ကိုဗစ်စည်းမျဉ်းအောက်မှာ ဒေသခံများ စက်တင်ဘာ ၁၉ ရက်က လွတ်မြောက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသခံ ၂၁ သန်းရှိတဲ့ ချန်ဒူးမြို့ဟာ ရှန်ဟိုင်းမြို့လို တင်းကျပ်တဲ့ သီတင်းနှစ်ပတ်ကြာ လော့ဒေါင်း (lockdown) ချမှတ်ခဲ့တဲ့ ဧပြီလနောက်ပိုင်း အကြီးဆုံးမြို့ဖြစ်ပါတယ်။ တရုတ်ဟာ ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကျင့်သုံးပြီး အောက်တိုဘာလမှာ ကျင်းပမယ့် အဓိကနိုင်ငံရေးအစည်းအဝေးမတိုင်မီ တာဝန်ရှိသူများဟာ ဗိုင်းရပ်စ်ကူးစက်မှုအလျင်မြန်ထိန်းချုပ်ဖို့ ဖိအားပေးခံရပါတယ်။

“တစ်မြို့လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ကူးစက်ရောဂါကိုပါ ထိထိရောက်ရောက်ထိန်းချုပ်နိုင်ခဲ့တယ်”လို့ ချန်ဒူးအစိုးရက စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်မှာ လော့ဒေါင်းချမှတ်ပြီးနောက် အစိုးရဌာနများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုများနဲ့ ကုမ္ပဏီမျ ားအနေနဲ့  စက်တင်ဘာ ၁၉ ရက်မှာ အလုပ်များပြန်လည် လည်ပတ်ခွင့်ပြုခဲ့တယ်။ တောင်ပိုင်းနည်းပညာမြို့ဖြစ်တဲ့ရှန် ကျန်းနဲ့ ဂူယန်းအပါဝင်အခြားမြို့အများအပြားမှ သတ်မှတ်ထားတဲ့ လော့ဒေါင်းချမှတ်ပြီး ခရီးသွားလာမှု ကန့်သတ်ချက်များ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၈ ရက်မှာ ကွီးကျိုး ပြည်နယ်မှာ ကွာရန်တင်း(Q-Quarintine) အဆောက်အအုံ သွားရောက်နေတဲ့ ဘတ်စ်ကားတစ်စီး အဝေးပြေးလမ်းပေါ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။

တောင်ကိုးရီးယားမှာ စက်တင်ဘာ ၁၉ ရက်တစ်ရက်အတွင်း ကိုဗစ်ကူးစက်သူ ၄၇,၉၀၇ ဦးထပ်မံ တွေ့ရှိပြီး နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်ခံရသူပေါင်း ၂၄,၄၆၁,၇၃၇ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်တို့က ပြောကြားခဲ့ပါတယ်။ ကူးစက်ခံရသူများအနက် ၃၂၃ ဦးဟာ ပြည်ပမှပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၄ ဦးထပ်မံတွေ့ရှိကာ စုစုပေါင်း ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၂၇,၈၉၁ ဦးရှိကြောင်း တောင်ကိုးရီးယား ကျန်းမာ‌ရေးအာဏာပိုင်တို့က ဆိုပါတယ်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ တောင်ကိုးရီးယားနိုင်ငံတစ်ဝန်း ကိုဗစ် (COVID-19) ကူးစက်ခံရသူ စုစုပေါင်းရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။

ထိုင်းနိုင်ငံမှာ အိုမီခရွန်မျိုး ကွဲဘီအေဖိုက် (BA.5) ပျံ့နှံ့ကူးစက်နေပေမဲ့ ၂၀၂၃ ခုနှစ်မှာ ခရီးသွားလုပ်ငန်းမှဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄ ဘီလျံ (ဘတ်၂ ဒသမ ၃၈ ထရီလီယံ) ရရှိဖို့ မျှော်မှန်းထားကြောင်း ထိုင်းအစိုးရပြောခွင့်ရ “အာနုချာဘူရာပါချိုင်ဓရီ” က ဆိုပါတယ်။ ထိုင်းအစိုးရဟာ ၂၀၂၃ ခုနှစ်အတွင်း ကိုဗစ်ကင်းစင်ပြီး နိုင်ငံခြားခရီးသွားများထံမှ ခရီးသွားလုပ်ငန်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ ဘီလျံ (ဘတ် ၁ ဒသမ ၅ ထရီယံ) နဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၈ ဘီလျံ (ဘတ် ၈၈၀ ဘီလျံ) ရရှိဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ တစ်လကို ခရီးသွား ၁ ဒသမ ၅ သန်းရောက်ရှိဖို့ မျှော်လင့်ကာ စက်တင်ဘာအတွင်း ခရီးသွားတစ်သန်း မျှော်လင့်ပါတယ်။ ထိုင်းဟာ ယခုနှစ်အတွင်း ခရီးသွား ၁၀ သန်းကျော်ရောက်ရှိဖို့ မျှော်လင့်ထားပါတယ်။

မြန်မာနိုင်ငံမှာ အိုမီခရွန်မျိုးကွဲ ဘီအေဖိုက်(BA.5) လက္ခဏာတွေက ဖျားနာခြင်း၊ ရင်ခေါင်း‌ရောင်ခြင်းနဲ့ အပူနာဖြစ်ကာ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ပြီး ဝမ်းစသွားပါတယ်။ သိုင်းရွိုက်ရောင်မယ်၊ လည်ပင်းစနာမယ်။ ရင်ခေါင်းထဲ တစ်ဆို့ ကြီးဖြစ်မယ်။ အသက်ရှူကျပ်မယ်။ အောက်ဆီဂျင်ကျဆင်းပြီး (SpO2) ကျလို့ အောက်ဆီဂျင်ပေးရမယ်။ ထိုင်းမှိုင်းနေမယ်။ အစားမဝင်ဘူး။ ညဘက်အိပ်မပျော်ဘူး။ လည်ပင်းထဲ နေလို့မကောင်းဘူး။ ငယ်ထိပ်ခဲ ပြီး ဦးနှောက်အမြှေးပါးရောင်မယ်။

နှာခေါင်းထဲအနံ့အရသာ၊ ပါးစပ်က အရသာပျောက်မယ်။ ခါးသက်သက် နဲ့အစပ်အရသာတွေ အီလည်လည်ရမယ်။ အစာလုံးဝမစားချင်ဘူး။ မစားရင်အားပြတ်မယ်။ ကြိတ်မှိတ် ပြီးစားရသလို အအေးမမိအောင် နေရပါတယ်။ ဦးနှောက်နာဗ်ကြောများ ရောင်တယ်။ ချမ်းစိမ့်ပြီး ကိုယ်လက်မအီမသာဖြစ်မယ်။ ခေါင်းအုံခေါင်းကိုက်မယ်။ ချမ်းတုန်ဖျားမယ်။ ကိုယ်လက်ကိုက်ခဲမယ်။ နှာစေးမယ်။ နှာရည်ယိုမယ်။ နှာခေါင်းပိတ်မယ်။ ရင်ဘတ်ထဲ နေမထိထိုင်မသာ ဖြစ်မယ်။ ရင်ဘတ်အောင့်မယ်။ ချွဲတွေပိုပျစ်ကာ အရောင်ပြောင်းမယ်။ ညဘက်မှာ ချွေးနစ်အောင်ထွက်မယ်။ အဆုတ်ကို အအေးမမိအောင် သတိထားသင့်ပါတယ်။ အိုမီခရွန် ဘီအေတူး (BA.2)  ထက်သုံးလေးဆ ပိုအကူးမြန်ပါတယ်။

ကမ္ဘာပေါ်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ ကိုဗစ် ကူးစက်လူနာပေါင်း ၆၁၈ ဒသမ ၂ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၅ သန်းရှိပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၆,၁၉၅,၆၆၅ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၁၉,၄၅၀ ဦးရှိပြီဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ရင်းနှီးခင်မင်ရတဲ့ လူအများအပြား လက်ပြနှုတ်ဆက်ထွက်ခွာသွားကြပါပြီ။

၂၀၂၂ ခုနှစ်အတွက် ကိုရိုနာ ဗိုင်းရပ်စ် အနှောင့်အယှက်ကြားထဲမှာလူသားဖွံ့ဖြိုးမှုညွှန်းကိန်းရဲ့ ထိပ်ဆုံးနိုင်ငံတွေက ဆွစ်ဇာလန်၊ နော်ဝေး၊ အိုက်စလန်တို့ အစဉ်လိုက် ဆက်လက်ရှိနေပြီး တောင်ဆူဒန်၊ ချဒ်၊ နိုက်ဂျာတို ့အောက်ဆုံးမှာရှိနေပါတယ်။ နိုင်ငံအချို့မှာ ကပ်ရောဂါမှ ပြန်လည်နာလန ်ထူလာပြီဖြစ်ပေမဲ့ လက်တင်အမေရိက၊ ဆာဟာရရှိ အာဖရိကနိုင်ငံများ၊ တောင်အာရှနဲ့ ကရစ်ဘီယံနိုင်ငံများ အကျပ်အတည်းအသစ်ဖြစ်တဲ့ ယူကရိန်းစစ်ပွဲ မတိုင်မီအနေအထား ပြန်မရောက်သေးဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း နေအိမ်မှာ အလုပ်လုပ်စေတဲ့ကုမ္ပဏီများလာပါတယ်။ ၂၀၂၅ ခုနှစ် မှာအလုပ်တက်ရက် နှစ်ရက်၊ အိမ်ကအလုပ် ငါးရက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှာ  ကိုဗစ်တွေ့သူများလာ တာကြောင့် ရုံးတစ်ဝက်တက်၊ တစ်ဝက်နားစနစ်ပြန်ကျင့် သုံးနေပါတယ်။ အွန်လိုင်းစနစ်အား ကောင်းနေပြီး အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများ ခေတ်စားလာသလိုဖြန့်ဝေမှု (Delivery) လုပ်ငန်းများတွင် ကျယ်လာပါတယ်။ အွန်လိုင်းကနေ အသင့်အမြန်စားအစာများ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးအစိမ်းအထိ ဝယ်ယူအိမ်အရောက်ပို့နိုင်သလိုပုံမှန်ဘဝသစ် (New Normal Lifestyle)နဲ့နေထိုင်လာနိုင်ကြပါတယ်။

အထည်ချုပ် စက်ရုံအချို့အော်ဒါမရခြင်း၊ အော်ဒါလျှော့မှာခြင်း၊  ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံခြားအိမ်နီးချင်းရွှေ့သွားခြင်း၊ အမြဲတမ်းနဲ့ ယာယီထုတ်ဝန်ထမ်းများပြားလာခြင်း၊ အလုပ်တည်မြဲရေး၊ လစာတိုးမြှင့်ရေး၊ ရာထူးတိုးမြှင့်ရေးအတွက် ပြိုင်ဆိုင်မှုများလာကာ စိတ်ဖိစီးမှု ပိုများခဲ့ပါတယ်။

ကိုဗစ်ရောဂါမှ ကာကွယ်ဖို့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင်မြှင့် နှစ်ကြိမ်ထိုးနှံဖို့ လိုအပ်တဲ့အပြင် နှာခေါင်းစည်း (surgical mask) တပ်ခြင်း၊ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာ ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင် လေထွက်ကောင်းအောင်ပြင်ဆင်ခြင်းတို့ လိုအပ်ပြီး ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်အတိုင်း နေထိုင်သွားကြဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ ကိုဗစ်ကြီးက ကမ္ဘာမြေပေါ်မှာ (၄-၅) နှစ်ကြာနေဦးမှာဖြစ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ပြောသလို ကိုဗစ်က အဆုံးမသတ်သေးပါဘူး။          


READ NEXT
Cancel OK