မြဝတီနယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် ပြည်တွင်းသို့ တင်သွင်းလာသော ဆိုင်ကယ်များကို ယခင်နှစ်များက တွေ့ရစဉ်
(၁)
လွန်ခဲ့သည့် စက်တင်ဘာ ၁၄ ရက်ထုတ် သတင်းစာ တစ်စောင်ထဲတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့စျေးနှုန်းများမြင့်တက်မှုကြောင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖတ်ရှုလိုက်ရ သည်။ ကုန်သွယ်မှုလိုငွေပမာဏသည် ဂျပန် ယန်းငွေ ၂ ဒသမ ၈၂ ထရီလီယံ၊ ဒေါ်လာအား ဖြင့် ၁၉ ဒသမ ၆ ဘီလျံ တန်ဖိုးရှိနေကြောင်း ဖော်ပြထားသည်။ ထိုအခြေအနေမျိုးသည် တစ်နှစ်လုံးနီးပါး ဆက်တိုက်ဖြစ်နေခဲ့သည် ဟု သိရသည်။ ဂျပန်ပြည်တွင်းသုံးငွေ ယန်း ငွေအခြေအနေကို ကြည့်သောအခါ အမေရိ ကန်ဒေါ်လာငွေနှင့်ယှဉ်ပါက တန်ဖိုးကျနေ သည်။
(၂)
ယခုကဲ့သို့ တစ်ကမ္ဘာလုံး စီးပွားရေးအ ကျပ်အတည်းကာလတွင် ကုန်သွယ်မှုလိုငွေ အခြေအနေကို နိုင်ငံအများစု ကြုံတွေ့လာ ရနိုင်သည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာအဘယ် နည်း။ နိုင်ငံတစ်နိုင်ငံ၏ကုန်သွယ်မှုတွင် ပို့ ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုပိုမိုလာသည့်အခါ ကုန်သွယ်မှုလိုငွေအခြေအနေ ဖြစ်ပေါ်သည်။ အနုတ်လက္ခဏာပြကုန်သွယ် မှုရှင်းတမ်း (Negative Balance of Trade) ဟုလည်းခေါ်သည်။ ယေဘုယျအားဖြင့် နိုင်ငံ ၏ ပြည်ပ ငွေပေးငွေယူရှင်းတမ်းစာရင်း (Balance of Payments-BOP)ရှိ သာမန် ငွေစာရင်း Current Account လိုငွေပြမှု အခြေအနေကိုကြည့်၍ သိနိုင်သည်။
ကုန်သွယ်မှုလိုငွေကို ဖြစ်စေသည့်အတိ အကျအကြောင်းတရားများကို လေ့လာလျှင် အခြေအနေအမျိုးမျိုးတွင် တွေ့နိုင်သည်။ စီး ပွားရေးအခြေအနေကောင်းသည့် နိုင်ငံများ တွင် နိုင်ငံသူနိုင်ငံသားများ စီးပွားဖြစ်လာကြ ပြီး နိုင်ငံဖြစ်ထုတ်ကုန်များ (သွင်းကုန်များ) ပိုမိုသုံးစွဲလာတတ်သဖြင့် ပို့ကုန်ထက် သွင်း ကုန်ပမာဏ များပြားလာနိုင်သည်။ နိုင်ငံ၏ စီးပွားရေးအခြေအနေ ကောင်းမွန်မှုကြောင့် လည်း ဖြစ်နိုင်သည်။ ဖွံ့ဖြိုးရေးအစီအစဉ်များ အတွက် အစိုးရအသုံးစရိတ် တိုးမြင့်သုံးစွဲခြင်း နှင့်လည်းကောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တွင် ပြည်တွင်းသုံးငွေတန်ဖိုး မြင့်မားလာမှု ကြောင့်လည်း ဖြစ်ပေါ်လာနိုင်သည်။
နိုင်ငံအချို့တွင် အကြောင်းအမျိုးမျိုး ကြောင့် ကုန်ထုတ်လုပ်မှု ကန့်သတ်သည့်အစီ အစဉ်များ သတ်မှတ်လျက် အချို့ကုန်ပစ္စည်း များကို ပြည်တွင်းထုတ်လုပ်ခွင့် မပေးထားပေ။ ထိုကဲ့သို့သော ကုန်ပစ္စည်းများကို နိုင်ငံရပ်ခြား မှ တင်သွင်းရသောကြောင့်လည်း သွင်းကုန် ပမာဏ ပိုမိုများပြားရသည့် အကြောင်းရှိလာ သည်။ ကုန်သွယ်မှုအတားအဆီးများ ဖယ်ရှား ထားခြင်းသည်လည်း ကုန်သွယ်မှုလိုငွေဖြစ် စေသည့် အကြောင်းတရားဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ကုန်သွယ်မှုလိုငွေဖြစ်စေသည့်အကြောင်းတရားမှာ အခြေအနေအမျိုးမျိုး ဖြစ်နိုင်ပေသည်။
(၃)
ကုန်သွယ်မှုလိုငွေပြအခြေအနေသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအပေါ် မည်သို့ သက်ရောက်လာနိုင်သနည်း။
နိုင်ငံတွင်း၌ နိုင်ငံရပ်ခြားမှ တင်သွင်း လာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ စျေး နှုန်းများ ကြီးမြင့်လာနိုင်ပြီး နိုင်ငံတကာစျေး ကွက်ထဲတွင် မိမိတို့၏ ပို့ကုန်စျေးနှုန်းများ ကျဆင်းလာနိုင်သည်။ ပြည်တွင်းငွေကြေးတန် ဖိုးကို အားနည်းလာစေသည်။ နိုင်ငံရပ်ခြားမှ ကုန်ကြမ်းများကို မှီခိုထုတ်လုပ်နေသော ပြည် တွင်းထုတ်ကုန်ပစ္စည်းများလည်း စျေးနှုန်းကြီး မြင့်လာတတ်သည်။ အကျိုးဆက်အားဖြင့် ပြည်တွင်းဝယ်လိုအား ကျဆင်းမှုများထပ်ဖြစ် လာကာ စျေးနှုန်းနှင့်စျေးကွက် ကမောက်ကမ အခြေအနေမျိုးလည်း ဖြစ်လာနိုင်သည်။ ပြည် တွင်းအလုပ်အကိုင် အခြေအနေများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု များရှိလာမည်။ နောက်ဆုံး နိုင်ငံ၏ ထုတ် လုပ်မှု (ဂျီဒီပီ) ပါ ကျဆင်းသည့်အထိ တစ် ဆင့်ပြီးတစ်ဆင့် သက်ရောက်သွားနိုင်ပေ သည်။
(၄)
ကုန်သွယ်မှုလိုငွေသည် ကောင်းသ လော။ ဆိုးသလော။
ဖတ်စာအုပ်သင်ခန်းစာများထဲတွင် ဖတ် ရှုဖူးကြသည်။ ပညာရှင်များ၊ သုတေသီများ က သုံးသပ်ပြောဆိုမှုများကိုလည်း ကြားဖူး ကြပေလိမ့်မည်။ ကုန်သွယ်မှုလိုငွေဆက်တိုက် ဖြစ်ပေါ်နေခဲ့လျှင် နိုင်ငံတစ်နိုင်ငံ၏ ကုန် ထုတ်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သည့်အပိုင်း တွင် အားနည်းချက်ရှိသည်ကို သတိပြုစရာ ဖြစ်သည်ဟူသော အချက်ကိုမူ အားလုံး သဘောတူလက်ခံကြသည်။
ကုန်သွယ်မှုလိုငွေပြနေခြင်းသည် စီးပွားရေး အဆောက်အအုံအတွင်းရှိ ကဏ္ဍများနှင့် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်စပ်နေ၏။ ပြည် တွင်းအလုပ်အကိုင် အခြေအနေများအပေါ် အနုတ်လက္ခဏာ နိမိတ်ပြသည်။ ပြည်တွင်းမှ နိုင်ငံခြားငွေများ ပိုမိုစီးထွက်နေကြောင်း သတင်းပေးသည်။ စီးပွားရေးပညာရှင်အချို့ ကမူ ကောင်းမွန်သော သက်ရောက်မှုများ လည်း ဖြစ်နိုင်သည်ဟု ထောက်ပြထားသည်။ ကုန်သွယ်မှုလိုငွေရှိနေသော နိုင်ငံများတွင် ထုတ်လုပ်မှုထက် ပိုမိုစားသုံးမှုပြုနိုင်သဖြင့် နိုင်ငံသား စားသုံးသူများအတွက် အကျိုးရှိနိုင် သည်။ ပြည်တွင်းသုံး ငွေကြေးအားနည်းမှု ကြောင့် သွင်းကုန်များစျေးမြင့်တက်သဖြင့် သွင်းကုန်ဝယ်လိုအား ကျဆင်းလာပြီး ပြည် တွင်းထုတ်ကုန် ဝယ်ယူမြင့်တက်လာကာ ကုန်သွယ်မှုအားမျှခြေ ပြန်လည်ဖြစ်ပေါ်လာ နိုင်သည်။ ပြည်တွင်းငွေကြေးတန်ဖိုးအပေါ် ဖိအားလျော့ကျလာမှုများ ဖြစ်လာတတ် သည်။
စိုးရိမ်စရာများလည်းရှိသည်။ အကယ် ၍ နိုင်ငံတစ်နိုင်ငံသည်ကုန်သွယ်မှုတွင် လိုငွေ ပြမှု ကာလရှည်ဖြစ်ပေါ်နေပါက ပြည်တွင်း လုပ်ငန်းများ၊ ပြည်တွင်းဥစ္စာဓန အပါအဝင် ပိုင်ဆိုင်မှုများ (Assets)၊ ကုန်ကြမ်းပစ္စည်း စျေးကွက်များအပေါ် ကြီးမားသော သက် ရောက်မှုရှိလာမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ လက်ထဲသို့ ပြည်တွင်းလုပ်ငန်းများအပါ အဝင် ပြည်တွင်းအက်ဆက်များ ရောက်ရှိ သွားနိုင်သည်။ ပုံသေငွေလဲနှုန်း ကျင့်သုံးနေ ပါက ပြည်တွင်းငွေတန်ဖိုးချရန် (Devaluation) မဖြစ်နိုင်သဖြင့် လုပ်လစာကိစ္စများ၊ အလုပ်အကိုင်ကိစ္စများအပေါ်တွင်ပါ အနုတ် လက္ခဏာသက်ရောက်မှုများ ရှိလိမ့်မည်။ စီး ပွားရေးပညာရှင်အချို့က ကုန်သွယ်မှု လိုငွေ နှင့် ဘတ်ဂျက်လိုငွေတို့သည် ဆက်စပ်မှုအား ကောင်းသည်ဟု ဖော်ထုတ်သုံးသပ်ထား သည်။ ကုန်သွယ်မှုလိုငွေကြောင့် ဖြစ်ပေါ်လာ သော ဆက်စပ်မှုများမှတစ်ဆင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ စသဖြင့် ပြည်သူလူထု၏ နေ့စဉ်ဘဝများ အပေါ် ကြီးမားသောသက်ရောက်မှုများရှိလာ နိုင်သေးသည်။ နောက်ဆုံး နိုင်ငံရပ်ခြားတိုင်း ပြည်များအပေါ် မှီခိုမှုများလာနိုင်ပြီး ရေရှည် တွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်လာနိုင် ခြေပင် ဖြစ်လာနိုင်သည်ဟုဆိုသည်။
(၅)
မည်သို့သော အကြောင်းများရှိနေစေ ကာမူ အခြေခံအကြောင်းရင်းမှာ ကုန်ထုတ် လုပ်နိုင်စွမ်း နိမ့်ကျခြင်းနှင့် ရှေ့နောက်ဆက် စပ်နေသည့် အကြောင်းများစွာရှိနေသည်။ ကုန်ကြမ်းအရည်အသွေး၊ ကျွမ်းကျင်လုပ် သား၊ နည်းပညာ၊ ငွေကြေးအရင်းအနှီးစသည့် သွင်းအားစုပိုင်း လိုအပ်ချက်ကြောင့်လည်း ဖြစ်သည်။
နိုင်ငံတကာစျေးကွက်ရှာဖွေမှု၊ ထိုး ဖောက်နိုင်မှု အစွမ်းအစများ အားနည်းလျက် ကြောင့်လည်း ဖြစ်နိုင်သည်။ ပြည်တွင်းနိုင်ငံ ရေးအခြေအနေနှင့် နိုင်ငံတကာရေးရာများ ဆက်စပ်မှုများကိုလည်း ထည့်သွင်းစဉ်းစား ရန် လိုသည်။ ဆုံးရှုံးနစ်နာမှုများမှာ တစ်နေ ရာ၊ ကဏ္ဍတစ်ခုတည်းတွင် မဟုတ်။ ပြည်တွင်း ရှိ ထုတ်လုပ်မှုဖြစ်စဉ် တစ်လျှောက်ရှိ အလုပ် အကိုင်အခွင့်အလမ်းများ၊ လုပ်ခလစာများ၊ အခွန်အခများ စသည်ဖြင့် စီးပွားရေးအ ဆောက်အအုံအတွင်းရှိ ကဏ္ဍများအားလုံး တွင် ရှိနေသည်။
(၆)
အကောင်းအဆိုးရှိနေသော်လည်း ရေ ရှည်အတွက်မူ အန္တရာယ်ကိုသာ စိုးရိမ်နေကြ သည်။ ကုန်သွယ်မှုလိုငွေပြဖြစ်ပေါ်စ အချိန် တွင်သာ ကောင်းကျိုးသက်ရောက်မှုကို ဦး တည်နိုင်ပြီး အချိန်ကာလကြာမြင့်လာသည် နှင့်အမျှ စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍစုံ၌ အခက်အခဲများ တစ်စတစ်စဖြစ် ပေါ် ကြီးထွားလာနိုင်သည်ဟု သတိပေးထား ကြသည်။ အစိုးရများ၊ ပေါ်လစီရေးဆွဲသူများ၊ နိုင်ငံရေးသမားများမှာမူ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာရေး
အတွက် ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေးကို နည်းအမျိုးမျိုးဖြင့် ချဉ်းကပ်အားထုတ်ကြ သည်။ ကုန်သွယ်လိုငွေဖြစ်ပေါ်မှုနှင့် ပတ် သက်၍ အုပ်ချုပ်သူအစိုးရသာမက နိုင်ငံသူ နိုင်ငံသားစားသုံးသူများ၊ စီးပွားရေးလုပ်ငန်း၊ ထုတ်လုပ်သူများအားလုံး စိုးရိမ်တတ်ရန်လို သည်။ အဘယ့်ကြောင့် စီးပွားရေးအဆောက် အအုံတစ်ခုလုံး ထိခိုက်မှုများရှိလာနိုင်သော ကြောင့် ဖြစ်သည်။
(၇)
ကုန်သွယ်မှုလိုငွေသည် မီးခိုးကြွက်လျှောက် တစ်နိုင်ငံလုံး၏လူမှုစီးပွားအခြေ အနေအရပ်ရပ် ထိခိုက်မှုများဆီသို့ ဦးတည် နေသည့် ကူးစက်မြန်ပြဿနာဖြစ်သည်။ အိုင် တီနည်းပညာ ထွန်းကားနေသော ယနေ့ကမ္ဘာ ကြီးတွင် အကျိုးစီးပွားအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများသုံး၍ ကုန်သွယ်မှုလိုငွေ ဖန် တီးထားသော နိုင်ငံမှလွဲ၍ အခြားမည်သည့် နိုင်ငံမှ ကုန်သွယ်မှုလိုငွေကြောင့် ကောင်းကျိုး မဖြစ်ထွန်းနိုင်ပေ။
နိုင်ငံများ စီးပွားရေး ဒဏ်ရာအနာတရ မျိုးစုံကိုရင်ဆိုင်နေရသည့် ယနေ့ကာလမျိုး၌ ကုန်သွယ်မှုလိုငွေပြဿနာသည် နိုင်ငံရေး မတည်ငြိမ်၊ ထုတ်လုပ်မှု အားနည်း၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်း စသည်ဖြင့် သောက ဗရ ပွဖြစ်နေသောနိုင်ငံများကို ပိုမိုဆိုးရွားမည့် အကျဉ်းအကျပ်အခြေအနေမျိုးထဲသို့ ရောက် သွားစေရန် ဖြည်းဖြည်းချင်း တွန်းပို့နေသကဲ့ သို့ ပြုမူနေပေလိမ့်မည်။ à
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
