
အာရှတွင် စီးပွားရေးတိုးတက်မှု အမြန်ဆုံးတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ကားထုတ်လုပ်ရေးလုပ်ငန်း VinFast သည် ၎င်း၏ပထမဆုံးကားများကို ဇွန် ၁၇ ရက်တွင် စတင်ဖြန့်ချိမည်ဟု ထိုကုမ္ပဏီက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်နိုင်ငံထဲမှ အဆက်မပြတ် ကြီးထွားလာသော လူလတ်တန်းစားတို့နှင့် အတူ ကားများကို နှစ်သက်မှုမှာလည်း မြင့်တက်နေစဉ် Vin Fast သည် ၎င်းတို့၏ ကားများကို ပြည်တွင်းစျေးကွက်သို့ ဖြန့်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း Vin Fast သည် Toyota နှင့် Ford တို့ကဲ့သို့ အခြေခိုင်ပြီးသား လုပ်ငန်းတို့နှင့် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
ကားထုတ်လုပ်ရေးလုပ်ငန်း Vin Fast သည် ဗီယက်နမ်၏ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းစုကြီးဖြစ်သော Vingroup ၏ လက်ခွဲ လုပ်ငန်းတစ်ခုဖြစ်သည်။ ယူကရိန်းတွင် ခေါက်ဆွဲခြောက် ရောင်းရာမှ ဘီလျံနာဖြစ် လာခဲ့သော ဗီယက်နမ်မှ အချမ်းသာဆုံး ပုဂ္ဂိုလ်က Vingroup ကို ပိုင်ဆိုင်ခြင်းဖြစ်သည်။
Vinfast သည် ဆီဒင်နှင့် SUV ကား မော်ဒယ်များနှင့်အတူ လျှပ်စစ်စကူတာများ၊ လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားများအထိ ထုတ်လုပ်ပြီး နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ “လာမယ့် ၇၂ နာ ရီအတွင်း ပထမဆုံး ဗီယက်နမ်ထုတ်ကား တွေဟာ ဗီယက်နမ်လမ်းပေါ်မှာ တရားဝင် မောင်းနှင်ကြတော့မှာဖြစ်ပါတယ်” ဟု Vingroup မှ အထွေထွေဒါရိုက်တာ ငုယင်ဗီယက်ကွမ်ဟီက ပြောခဲ့သည်။
ဟိုင်ပေါင်ဒေသ၌ ပြန့်ကျဲတည်ရှိနေသော ကားစက်ရုံထဲတွင် အနီ၊ အဖြူ၊ မီးခိုးရောင်ရှိသောကားများ တန်းစီရပ်ထားသည်ကို တွေ့ရသည်။ ကုမ္ပဏီသည် ကားစီးရေ ၁၀,၀၀၀ နှင့်အတူ လျှပ်စစ်စကူတာ ထောင်ပေါင်းစွာ အော်ဒါရရှိထားကြောင်း ကွမ်ဟီက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ကားများထုတ်လုပ်မှုကြောင့် ကားထုတ်လုပ်သည့် နိုင်ငံများဖြစ်သော ဂျပန် နှင့် ဂျာမနီတို့ကဲ့သို့ နာမည်တစ်လုံး ရလာစေရန် မျှော်လင့်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ “ကမ္ဘာကြီးမှာ လုပ်နိုင်တာကို ဗီယက်နမ်မှာလည်း လုပ်နိုင်ပါတယ်” ဟု ဝန်ကြီးချုပ် ငုယင်ရှီယန်ဖုက ပြောကြားခဲ့သည်။
တိုးတက်မှုမြန်ဆန်သော ဗီယက်နမ်စီးပွားရေးသည် အားကစားဖိနပ်၊ တီရှပ်နှင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ အစရှိသော စျေးမမြင့်သည့် ကုန်ထုတ်လုပ်မှုများဖြင့် အောင်မြင်မှုရရှိနေသည်။ ဗီယက်နမ်နိုင်ငံ ၏ ဂျီဒီပီတိုးတက်မှုသည် ယမန်နှစ် က ၇ .၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
လက်ရှိတွင် ဗီယက်နမ်သည် ကြီးထွားလာသော ပြည်တွင်းစျေးကွက်အတွက် နိုင်ငံခြားတံဆိပ် ကားများကို တပ်ဆင်ပေးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်