
အေးဒီးစ်တောင်တန်းဒေသ နိုင်ငံ ပီရူး၌ ရွှေ့ပြောင်းအခြေချများအတွက် တင်းကျပ်သော စည်းမျဉ်းများစတင်အသက်ဝင်မည့် ဇွန် ၁၄ ရက် ညသန်းခေါင်အချိန်မတိုင် မီ ပီရူးထဲသို့ဝင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ထောင်နှင့်ချီသော ဗင်နီဇွဲလားများသည် ပီရူးမြောက်ပိုင်းနယ်စပ်သို့ တက်သုတ်ရိုက်၍ သွားရောက်ခဲ့ကြသည်။ ထို့ကြောင့် ရွှေ့ ပြောင်းအခြေချများအပေါ် လိုလိုလားလား ကြိုဆိုနေသော နောက်ထပ် တောင်အမေရိကတစ်နိုင်ငံ၏ တံခါးမှာပိတ်သွားခဲ့ပြီဖြစ်သည်။ သမ္မတ နီကိုးလပ်စ်မာဒူရို၏လက်ထက်၌ ဗင်နီဇွဲလားစီးပွားရေး ပြိုလဲစဉ် လက်တင်အမေရိက၏ မကြာသေးမီသမိုင်းကာလအတွင်း အကြီးမားဆုံးရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အကျပ်အတည်းကြီးပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် လူဦးရေ ၃၂ သန်း ရှိပြီး ဖွံ့ဖြိုးဆဲဖြစ်သော ပီရူးကဲ့သို့ နိုင်ငံမျိုးမှာ မကြုံစဖူး ရွှေ့ပြောင်းအခြေချသူဝင်ရောက်မှု အများအပြားနှင့် ကြုံနေရခြင်း ဖြစ်သည်။
ဇွန် ၁၅ ရက် ညသန်းခေါင်အချိန်မှစပြီး နိုင်ငံရေးခိုလှုံမည့် ဗင်နီဇွဲလားရွှေ့ပြောင်းအ ခြေချများအားလုံး ခိုင်မာသော ဗီဇာနှင့်နိုင်ငံ ကူးလက်မှတ်များရှိရမည်ဟု ပီရူးက သတ်မှတ်ထားသည်။ ယင်းသတ်မှတ်ချိန်မတိုင်မီ ပီရူးနယ်စပ်မြို့တမ်ဘီးသို့ ရောက်ရှိလာသည့် ပင်ပန်းနွမ်းနယ်နေသော ရွှေ့ပြောင်း အခြေချ သူများထဲတွင် ကလေးအများအပြားကို တွေ့ ကြရသည်။ ဇွန် ၁၃ ရက်တစ်ရက်တည်းမှာပင် တမ်ဘီးမှတစ်ဆင့် ပီရူးထဲသို့ ဝင်ရောက်သူ ၅၈၄၉ ဦးရှိခဲ့သည်။ ပြီးခဲ့သည့်လများအတွင်းက နေ့စဉ်ပျမ်းမျှ ဝင်ရောက်သူ ဦးရေ မှ ၁၅၀၀ မှ ၂၀၀၀ ကြားရှိသည်ဟု ပီရူးရွှေ့ပြောင်းအခြေချရုံးက ဇွန်၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပီရူးသည် လွန်ခဲ့သည့် နှစ်နှစ်ကပင် ဗင်နီဇွဲလား ရွှေ့ပြောင်းအခြေချများအား လက်ခံ နေရာချထားပေးရန် ရွှေ့ပြောင်းအခြေချ ဆိုင်ရာ ဥပဒေသစ်များကို မိတ်ဆက်ခဲ့သည်။ ဗင်နီဇွဲလားများ တရားဝင်အလုပ်လုပ်နိုင်ရန်၊ ကျောင်းတက်နိုင်ရန်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန်အတွက်လည်း ထောင်နှင့်ချီသော အထူးနေထိုင်ခွင့်ကတ်များကို ထုတ်ပေးခဲ့သည်။
သို့သော် ထိုအချိန်မှစပြီး ဗင်နီဇွဲလား ရွှေ့ ပြောင်းအခြေချသူဝင်ရောက်မှုမှာ မြင့်တက်လာသည်။ ဗင်နီဇွဲလားတို့ကြောင့် လုပ်ခလစာများ နိမ့်ကျကာ ရာဇဝတ်မှုများကို ထူပြောစေသည်ဟု နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများတွင် ရေးသားမှုများကြောင့် ပီရူးနိုင်ငံထဲ၌ စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။
ယင်းအခြေအနေတို့ကြောင့် ပီရူးသည် အထူးနေထိုင်ခွင့် အစီအစဉ်ကို လျှော့ချကာ ပြစ်မှုမှတ်တမ်းရှိသော ဗင်နီဇွဲလားများအား နေရပ်သို့ ပြန်ပို့ခြင်းကို စတင်လုပ်ဆောင်လာခဲ့သည်။ ပီရူးနယ်စပ်ကို ဖြတ်ကျော်လာမည့် ဗင်နီဇွဲလားတို့သည် ပီရူးကောင်စစ်ဝန်ရုံးထံမှ ဗီဇာရရှိရန် လိုအပ်သည်ဟုလည်း သတ်မှတ်ခဲ့သည်။ အလားတူ မူဝါဒမျိုးကို အိမ်နီးချင်း ချီလီ၌လည်း ပြဋ္ဌာန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်