
အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှု၏နောက်ကွယ်၌ အီရန်ရှိနေသည်ဆိုသော အမေရိကန်၏ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက် တွင် ပယ်ချခဲ့သည်။
ပဋိပက္ခအတွင်း ပါဝင်သူအားလုံး ဆွေးနွေးမှုဖြင့်သာ အဖြေရှာကြရန် တရုတ်ကလည်း ဆော်သြတိုက်တွန်းခဲ့သည်။ တစ်ဖက်တွင်လည်း ရေနံစျေးများ ခုန်တက်လာကာ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့ကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် တောင်းဆိုနေကြသည်။
မဟာဗျူဟာကျသည့် ရေလမ်းကြောင်းပေါ်တွင် တစ်လအတွင်း ရေနံတင်သင်္ဘောများ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက် ထိုတိုက်ခိုက်မှုတို့သည် အီရန်တပ်ဖွဲ့များ၏ လက်ချက်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် CENTCOM က အပြစ်တင်ခဲ့သည်။ အီရန်ကင်းလှည့်သင်္ဘောတစ်စင်းပေါ်မှ တပ်ဖွဲ့ဝင်များသည် ဂျပန်ပိုင် ရေနံတင်သင်္ဘော Kokuka Courageous ၏ ကိုယ်ထည်ပေါ်မှ မပေါက်ကွဲသည့် သံလိုက်မိုင်းတစ်ခုအား ဖယ်ရှားလိုက်သည်ကို တွေ့ရသည့် ကြည်ကြည်လင်လင်မရှိသော အဖြူ၊ အမည်း ဗီဒီယိုတစ်ခုကိုလည်း CENTCOM က ထုတ်ပြန်ခဲ့သည်။
အမေရိကန်သည် ၎င်း၏ဒေသတွင်း အကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း၊ အခြားမည်သည့် ရုပ်သေးအဖွဲ့တွင်မျှ ယခုဖြစ်စဉ်တွင် တာဝန်မရှိနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း သတိပေးထားသည်။
သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က “အမေရိကန်တွေဟာ သက်သေတစ်စိုးတစ်စိမှ မဖော်ပြဘဲ အီရန်တွေလုပ်တယ်ဆိုပြီး ချက်ချင်း ကောက်ချက်ချလိုက်တာပါ” ဟု Twitter တွင် ရေးသားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး လာရောက်စဉ် အမေရိကန်သည် သံတမန်ဆက်ဆံရေးအား တမင်သက်သက် ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည်ဟုလည်း ဇာရစ်က စွပ်စွဲခဲ့သည်။ ဇွန် ၁၃ ရက်က တိုက်ခိုက်ခံရသည့် ရေနံတင်သင်္ဘောနှစ်စင်းမှာ ဂျပန်နှင့် နော်ဝေပိုင်သင်္ဘောများဖြစ်ကြသည်။
“အခုဖြစ်စဉ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ စိုးရိမ်စရာကိစ္စပါ။ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ရေလက်ကြားဟာလည်း ကျွန်တော်တို့ စွမ်းအင်လုံခြုံမှုအတွက် အသက်တမျှ အရေးကြီးတဲ့ နေရာတွေပါ” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
အီရန်ကမူ တိုက်ခိုက်ခံရသဖြင့် ဒုက္ခရောက်နေသော ထိုသင်္ဘောများကို ကူညီရန် ၎င်းတို့ လာခဲ့ကြောင်း၊ သင်္ဘောသားများကိုလည်း အမြန်ဆုံးကယ်ဆယ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကာဇက်စတန်တွင် ကျင်းပသော နိုင်ငံတကာဖိုရမ်သို့ ရောက်ရှိနေသည့် အီရန်သမ္မတဟက်ဆန်ရိုဟာနီက အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးအတွက် စိုးရိမ်စရာခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။
အာရှသို့ ဦးတည်ခုတ်မောင်းနေသည့် ဂျပန်နှင့်နော်ဝေသင်္ဘောနှစ်စင်းသည် ဇွန် ၁၃ ရက် နံနက်အစောပိုင်းအချိန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ပြီး အီရန်၏ တောင်ဘက်ကမ်းရိုးတန်းမှ ရေမိုင် ၂၂ မိုင် အကွာသို့ရောက်ရှိစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဆွေးနွေးရန် အာဘေး၏ ကမ်းလှမ်းမှုကို အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ခါးခါးသီးသီးငြင်းပယ်လိုက်စဉ် ယခုသင်္ဘောတိုက်ခိုက်မှုများသည် သံသယဖြစ်စရာကောင်းသည်ဟု အီရန်တို့က တံဆိပ်ကပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်