
ဟောင်ကောင်တွင် ယခုသီတင်းပတ်အတွင်း ဆန္ဒပြသူများအား အဓိကရုဏ်းနှိမ်နင်းရေးရဲများက ဖြိုခွင်းနေသည့် ဓာတ်ပုံများသည် အနီးရှိ ထိုင်ဝမ်မှ ဒေသခံများကို ဂယက်ရိုက်စေခဲ့သည်။ ထိုင်ဝမ်သည် ပြီးခဲ့သော နှစ်ပေါင်း ၇၀ အတွင်း ပြည်တွင်းရေး နှင့် နယ်စပ်များအား ကိုယ့်ကိုယ် ကိုယ်စီမံခန့်ခွဲနိုင်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်နိုင်ငံပုံစံဖြင့် နေထိုင်လာခဲ့သည်။
သို့သော် ပြည်မကြီးတရုတ် ခေါင်းဆောင်များက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု အခိုင်အမာ ပြောကြားထားပြီး ပြန်လည်ပေါင်းစည်းရန်အတွက် လိုအပ်ပါက အင်အားသုံးမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ထားခဲ့သည်။
ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေး စဉ်းစားရန်အတွက် ထိုင်ဝမ်ကို စည်းရုံးနိုင်ရန် တရုတ်က ၁၉၉၇ ခုနှစ်တွင် ဗြိတိန်ထံမှ ဟောင်ကောင်ကို လွှဲယူခဲ့ပြီးနောက် လွတ်လပ်ခွင့် အတွက် ဆက်လက်အာမခံရန် ဖန်တီးခဲ့သည့် မူဘောင်တစ်ခုဖြင့် ဆွဲဆောင်ခဲ့သည်။ “တစ်နိုင်ငံ စနစ် နှစ်မျိုး” မူဝါဒအရ လူဦးရေ ၂၃ သန်းရှိပြီး ဒီမိုကရေစီနည်းကျသော ထိုင်ဝမ်အား အာဏာရှင်ဆန်သော တရုတ်ပြည်မကြီးနှင့် ပူးပေါင်းစေပြီး တစ်ဖက်တွင်မူ ညှိနှိုင်းထားသော အခွင့်အရေးအချို့အား ဆက်လက်ပေးအပ် ထားမည်ဖြစ်သည်။
သို့သော် ဟောင်ကောင်တွင် လွတ်လပ်ခွင့်များသည် အချိန်ကြာ လာသည်နှင့်အမျှ တဖြည်းဖြည်း ကျဆင်းလာမှုက တရုတ်၏ကတိပြု မှုများအပေါ် အားလျော့စေခဲ့ပြီး ထိုင်ဝမ်တွင်လည်း ယခုအခါ လူငယ် အများအပြားက တရုတ်ပြည်မကြီးအား မလိုလားသောအမြင်များ မြင့်တက်လာနေပြီး လွတ်လပ်ရေးသွင် ပြင်လက္ခဏာကို ခိုင်မြဲစွာ စွဲကိုင်လာနေကြသည်။
ယခုသီတင်းပတ်အတွင်း ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများက ထိုသံသယများကို ပိုမိုကြီးထွား စေခဲ့သည်။
“ဟောင်ကောင်မှာ ထီးလှုပ်ရှားမှုကနေ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေက တရုတ်ပြည်မကြီး ဟာ သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို တည်တံ့စေဖို့ ယုံကြည်စရာ မကောင်းဘူးဆိုတာ ထိုင်ဝမ်ပြည်သူတွေရဲ့ အမြင်တွေကို ပိုပြီးအားကောင်း စေခဲ့ပါတယ်” ဟု Center for Strategic and International Studies မှ ထိုင်ဝမ်ကျွမ်းကျင်သူ ဘွန်နီဂလေဇာက ဟောင်ကောင်တွင် ၂၀၁၄ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီ ဆန္ဒပြမှုများကို ရည်ညွှန်းပြောကြားခဲ့သည်။
တစ်နိုင်ငံ စနစ်တစ်မျိုး
လာမည့်ဇန်နဝါရီတွင် ကျင်းပမည့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ၌ တရုတ်နှင့်ဆက်ဆံရေးအကြောင်း အရာက အဓိကလွှမ်းမိုးနေမည်ဖြစ် သည်။ ဒုတိယမြောက်သက်တမ်းအ တွက် ရွေးချယ်ခွင့်ရရှိရန် ကြိုးပမ်း နေပြီး ပေကျင်းအား သံသယရှိသည့် ပါတီ၏ ဂုဏ်ပြုခံထားရသော သမ္မတ ဆန်အင်းဝမ်က ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများသည် လှုပ်နှိုးလိုက်မှုဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့သည်။
လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အတွက် တိုက်ခိုက်ရမည့်ရွေးကောက် ပွဲဟု ခေါ်ဆိုလျက် ဆန်က ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ သည် ဒီမိုကရေစီနည်း ကျ ထိုင်ဝမ်အတွက် မည်သည့်အခါ မျှ လက်သင့်ခံစရာမကောင်းကြောင်း ပြောကြားခဲ့သည်။ ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သောဆန္ဒပြမှုများ ကြောင့် ထိုင်ဝမ်ပြည်သူများကို မိမိ တို့၏ ဒီမိုကရေစီစနစ်နှင့် လူနေမှု ပုံစံကို ပိုမိုနှစ်သက်လာစေခဲ့ဟု ဆန်က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နှင့် ဆက်ဆံရေးပိုမိုနွေး ထွေးစေရန် လိုလားသည့် ဆန်၏ နိုင်ငံရေးအတိုက်အခံများကပင် ၎င်းနှင့် အသံတူခဲ့သည်။ ပေကျင်းနှင့် ဆက်ဆံရေးရင်းနှီးသော ကူမင် တန်ပါတီ၏ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာရန် ကြိုးပမ်းနေသည့် Foxconn ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဘီလျံနာ တယ်ရီကူးက တရုတ်၏ ‘တစ်နိုင်ငံ စနစ် နှစ်မျိုး’ ပုံစံသည် မအောင်မြင်ခဲ့ဟု ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
“တကယ်လို့ ကျွန်တော်က သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဟောင်ကောင်မိတ်ဆွေ တွေကို ထိုင်ဝမ်ကို လာရောက်အခြေ ချဖို့ လက်ကမ်းကြိုသွားမှာပါ။ ဘာလို့လဲဆိုတော့ Republic of China မှာ လွတ်လပ်ပြီးတော့ ဒီမိုကရေစီ နည်းကျတဲ့ ပတ်ဝန်းကျင် ရှိလို့ပါပဲ” ဟု ကူက ထိုင်ဝမ်၏ အမည်ဟောင်းကို အသုံးပြု၍ Facebook တွင်ရေးသားခဲ့သည်။
တစ်နိုင်ငံ စနစ်တစ်မျိုးတည်းသာ ရှိကြောင်းကို ဟောင်ကောင်က သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်လိုလားသည့် ပါတီအား ရွေးချယ်လိုက်ပါက ထိုင်ဝမ်သည် ဟောင်ကောင်ကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း လူမှုမီဒီယာ အသုံးပြုသူတစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။
သြဇာလွှမ်းမိုးသည့် တရုတ်
ဟောင်ကောင်၏ အငြင်းပွားဖွယ် ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေကြမ်းက ဆန်အား အကျိုးကျေးဇူး ရရှိစေခဲ့မှုအတွက် တရုတ်တာဝန်ရှိသူများက ဒေါသထွက်ခဲ့ကြကြောင်း South China Morning Post သတင်းစာက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်တွင် ထိုင်ဝမ်သို့ အားလပ်ရက်ခရီး ထွက်လာစဉ် ဟောင်ကောင်အမျိုးသမီး တစ်ဦးသည် ၎င်း၏ချစ်သူ လက်ချက်ဖြင့် အသတ်ခံခဲ့ရပြီးနောက် ဟောင်ကောင်အစိုးရက ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေကြမ်းကို ထုတ်ပြန်ရန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ထိုအငြင်းပွားဖွယ် ဥပဒေကြမ်းသည် ဟောင်ကောင်ပြည်သူများအတွက် လတ်တလော ခြိမ်းခြောက်မှု ဖြစ်နေသည့် ဥပမာတစ်ခုဖြစ်ကြောင်း ထိုင်ဝမ်၌ ၂၀၁၄ ခုနှစ်တွင် တရုတ်၏ အငြင်းပွားဖွယ် ကုန်သွယ်ရေး သဘောတူညီချက်ကို ဆန့်ကျင်ခဲ့သည့် နေကြာပန်းလှုပ်ရှားမှုမှ ထိပ်တန်းတက်ကြွ လှုပ်ရှားသူ လင်ဖေးဖန်က ပြောကြားခဲ့သည်။
ယနေ့ ဟောင်ကောင် အခြေအနေသည် ယနေ့ ထိုင်ဝမ်နှင့် အတူတူပင်ဖြစ်ကြောင်း၊ မိမိတို့သည် သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေသော တရုတ်၏ ချဲ့ထွင်မှုကို ရင်ဆိုင်နေရပြီး ခုခံကာကွယ်ရသည့် အနေအထား၌ ရောက်ရှိနေကြောင်း တိုင်ပေရှိ ဟောင်ကောင်ကုန်သွယ်ရေးရုံး အပြင်ဘက်တွင် ဆန္ဒပြလူအုပ်ကြီးကို ၎င်းကပြောကြားခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်