
IS ဂျီဟတ်အစွန်းရောက်အဖွဲ့သည် ၎င်းတို့၏ မွတ်စလင်ပိုင်နက်ဟု ကိုယ့်ကိုယ်ကိုယ် ကြေညာထားသော နယ်မြေများကို ဆုံးရှုံးခဲ့ရပြီးနောက် လူသစ်များစုဆောင်းရန် ကြိုးပမ်းနေစဉ် ၂၁ ရာစု၌ အရွယ်ရောက်သည့်အမျိုး သမီးများအား ပစ်မှတ်ထားနေကြောင်း ဥရောပ ရဲတပ်ဖွဲ့အေဂျင်စီ (ယူရိုပိုလ်) က ဇွန် ၁၄ ရက် တွင် ထုတ်ပြန်ခဲ့သည်။
IS အဖွဲ့က အမျိုးသမီးငယ်များအား ပစ်မှတ်ထား စည်းရုံးနေမှုသည် အနာဂတ် အကြမ်းဖက်အဖွဲ့အစည်းများတွင် အမျိုးသမီး ဂျီဟတ်များ၏ အခန်းကဏ္ဍအပြောင်းအလဲအတွက် လမ်းပွင့်စေနိုင်ကြောင်း အမျိုးသမီးများအား ပစ်မှတ်ထား၍ IS အဖွဲ့၏ဝါဒဖြန့်မှုများကို အာရုံစိုက်လေ့လာသည့် အစီရင်ခံစာတွင် ယူရိုပိုလ်က ထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် ၂၁ ရာစုတွင် အရွယ်ရောက်လာသည့် အမျိုးသမီးလူငယ်များကို အဓိကထား ပြောနေခြင်းဖြစ်ကြောင်း ယူရိုပိုလ်၏ ဥရောပ အကြမ်းဖက်မှုတိုက်ဖျက်ရေး စင်တာအကြီးအကဲ မန်နျူရယ်နာဗာ ရက်တီက သည်ဟိဂ်တွင် ထိုအစီရင်ခံစာအား ထုတ်ပြန်စဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
IS ၀ါဒဖြန့်ချိသူများသည် အသက် ၁၆ နှစ်နှင့် ၂၅ နှစ်အကြား အမျိုးသမီးများအား ပစ်မှတ်ထားကြောင်း၊ လူမှုမီဒီယာကို အသုံးပြုသော ထိုအစုအဖွဲ့သည် ၎င်းတို့၏လှုပ်ရှား မှုများတွင် ထိခိုက်ခံစားရနိုင်ခြေ ပိုမိုမြင့်မား ကြောင်း၊ IS အဖွဲ့က ပစ်မှတ်သစ်ကို ပြောင်းလဲခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
IS အဖွဲ့သည် လူမှုဝန်းကျင်တွင် အမျိုး သမီးများ၏အခန်းကဏ္ဍအတွက် ၎င်းတို့၏ အခြေခံအယူအဆများအား ဆက်လက်ထိန်းသိမ်းထားစဉ် အဖွဲ့တွင်း၌ အမျိုးသမီးဂျီဟတ်များအား ပိုမိုတက်ကြွသည့် ကဏ္ဍသစ်မှ ပါဝင် စေရန်ခွဲဝေပေးနေကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အမျိုးသားများအား ထောက်ပံ့ပေးရသော၊ စောင့်ရှောက်ပေးရသော အမျိုးသမီးများ၏အစဉ်အလာကဏ္ဍကို ဂျီဟတ်များက အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားကြောင်း၊ သို့သော် အမျိုးသမီးများအား အစဉ်အလာ အိမ်ထောင်ရှင်မ ကဏ္ဍအပြင် ဆရာဝန်တစ်ဦးအဖြစ် ကူညီပေးရန် မတူညီသော ကဏ္ဍမှပါဝင်ရန်လည်း ဂျီဟတ်များက စတင် တောင်းဆိုနေပြီဖြစ်ကြောင်း နာဗာရက်တီက ပြောကြားခဲ့သည်။
အီရတ်နှင့်ဆီးရီးယားတို့တွင် ပိတ်မိနေဆဲဖြစ်သည့် IS ဂျီဟတ်အဖွဲ့နှင့်ဆက်နွှယ် သော ပြည်ပအမျိုးသမီး ၄၀၀၀ နှင့် ကလေး ၈၀၀၀ ခန့်အား မည်သို့ပြုလုပ်မည်နှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက သဘော ထားကွဲလွဲနေခဲ့သည်။
၀ါဒဖြန့်မှုအတွက် အမျိုးသမီးများအား IS အဖွဲ့က ပစ်မှတ်ထားမှုကြောင့် ဂျီဟတ်များအတွက် ကာလရှည်ကြာအကျိုးအမြတ်များ ရရှိမည်ကို ပူပန်မှုရှိနေသည်။ အမျိုးသမီးများ၏ပါဝင်မှု မြင့်တက်လာခြင်းကြောင့် အနာဂတ်တွင် ဂျီဟတ်အမျိုးသမီးများ၏ အခန်းကဏ္ဍ၌ အလားအလာရှိသော အဓိက အပြောင်းအလဲများဖြစ်ပေါ်လာရန် လမ်းပွင့်စေနိုင်သည်ဟု စိုးရိမ်နေကြောင်း ယူရိုပိုလ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အထူးသဖြင့် ပြင်သစ်နှင့် ဗြိတိန်တို့တွင် ဂျီဟတ်များနှင့်ဆက်နွှယ်သော အမျိုးသမီးများ ဖမ်းဆီးခံခဲ့ရမှု မြင့်တက်လာနေကြောင်း နာဗာရက်တီက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့သော်လည်း ဥပဒေစိုးမိုးရေးအေဂျင်စီများသည် အစွန်းရောက်မှုများအတွက် အကြောင်းရင်းများ ရှာဖွေရာတွင် ကျား၊ မ ခွဲခြားမှုမရှိဘဲ ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ယူရိုပိုလ် ဒါရိုက်တာ ကက်သရင်းဒီဘိုလီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်