Top News

တရုတ်တွင် ရထားလမ်း ဖောက်လုပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပြိုကျမှုကြောင့် လူ ၁၃ ဦး ပျောက်ဆုံးနေ
24htopnews | December 8, 2024 3:12 PM CST

တရုတ်နိုင်ငံတောင်ပိုင်းရှန်ကျန်းမြို့တွင် အဓိကရထားလမ်းဖောက်လုပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပြိုကျမှုကြောင့် လူ ၁၃ ဦးပျောက်ဆုံးနေကြောင်းဒေ သခံအာဏာပိုင်များက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ရှန်ကျန်း-ကျန်းမန်မီးရထားလိုင်း၏ အပိုင်းတစ်ခုအောက်ရှိ မြေကြီးသည် ဒီဇင်ဘာ ၄ ရက်ဒေသစံတော်ချိန်နေ့ လယ် ၁ နာရီတွင် ပြိုကျခဲ့ကြောင်းဘောင်အန်း ခရိုင်အရေးပေါ်စီမံခန့်ခွဲရေးဗျူရိုက ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၅ ရက်နံနက်ခင်းအထိ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေ နေကာ ပြိုကျရသည့်အကြောင်းအရင်းကိုစုံ စမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာဏာပိုင်များသည်အနီးအနားရှိ ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးဗျူရိုကဆိုသည်။ယင်းဆောက်လုပ်ရေးနေရာအနီးရှိ အဓိကအဝေးပြေးလမ်းကိုကယ် ဆယ်ရေးလုပ်ငန်းများအတွက် ဒီဇင်ဘာ ၅ ရက်နံနက်ခင်းအချိန်တွင် ပိတ်ထားကြောင်းမြို့၏တာဝန်ရှိသူများက ဆိုသည်။

တရုတ်နိုင် ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ ရှန်ကျန်းမှ ကျန်းမန်ကို ဆက်သွယ်သည့်မီးရထားလမ်းပိုင်းကို ၂၀၂၂ ခုနှစ်တွင် ဆောက်လုပ်ရေးစတင်လုပ်ဆောင်ခဲ့သည်။သြဂုတ်လကဆီချွမ် ပြည်နယ်တွင် မိုင်းတွင်းမတော်တဆမှုဖြစ်ပွားပြီး လူရှစ်ဦးသေဆုံးခဲ့သည်။        

Ref: AFP


READ NEXT
Cancel OK