Top News

■ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက် နိုင်ငံမှ ထွက်ပြေးသွားပြီဟု လူ့အခွင့်အရေးအတွက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ကပြောကြား
24htopnews | December 8, 2024 6:12 PM CST

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက် နိုင်ငံမှ ထွက်ပြေးသွားပြီဟု လူ့အခွင့်အရေးအတွက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့ပြီး အာဏာလွှဲပြောင်းရာတွင် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း  ဆီးရီးယား ဝန်ကြီးချုပ် က ဆိုသည်။

ရန်သူ၏လျင်မြန်သောထိုးစစ်ကြောင့် နယ်မြေအများအပြားကို ဆုံးရှုံးသွားပြီးနောက် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်သည် နိုင်ငံမှ ထွက်ပြေးသွားပြီဟု လူ့အခွင့်အရေးအတွက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့၏ အကြီးအကဲ ရာမီအဗ္ဗဒယ်ရာမန်က  ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 

စစ်တပ် လုံခြုံရေး တပ်ဖွဲ့များက ဒမတ်စကတ် နိုင်ငံတကာလေဆိပ်မှ ထွက်ခွာမသွားမီ အာဆက်သည် ယင်းလေဆိပ်မှတစ်ဆင့် နိုင်ငံကို စွန့်ခွာသွားသည်ဟု လူ့အခွင့်အရေးအတွက် ဆီးရီးယစောင့်ကြည့်ရေးအဖွဲ့၏အကြီးအကဲ ရာမီအဗ္ဗဒယ်ရာမန်ကပြောကြားခဲ့သည်။

မြို့တော် ဒမတ်စကတ်ကို ဝင်ရောက်လာသော သူပုန် များက ယင်းမြို့ရှိအစိုးရအဆောက်အအုံများကိုဖျက်ဆီးခြင်းမပြုရန် အစ္စလာမ် ဆီးရီးယား သူပုန်အုပ်စု ဟာရတ်တာယာအယ်လ်ရှမ်း၏ခေါင်းဆောင်က အဘူမိုဟာမက်အယ်လ်ရျိုလာနီက ညွှန်ကြားထားသည်။

ဒမတ်စကတ်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် သူပုန်အဖွဲက ဆီးရီးယားနိုင်ငံတွင် ဆယ်စုနှစ်ငါးခုကြာ Baath အုပ်စိုးမှုအဆုံးသတ်သွားပြီဟုကြေညာခဲ့သည်။

မိမိတို့သည် ပြည်သူကရွေးချယ်သော မည်သည့်ခေါင်းဆောင်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်ရန်အဆင့်ဖြစ်‌နေသည်ဟုဆီးရီးယားဝန်ကြီးချုပ် မိုဟာမက် အယ်ဂျာလာလီက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း ဆီးရီးယားနိုင်ငံ၌ဖြစ်ပေါ်နေသော ထူးခြားအဖြစ်အပျက်များကို စောင့်ကြည့်နေသည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

 

Ref:AFP

AFP photos


READ NEXT
Cancel OK