
■ ဆီးရီးယားတွင် ဘာရှာအာဆတ်၏ အုပ်ချုပ်မှုအဆုံးသတ်ပြီဖြစ်ကြောင်း သူပုန်အဖွဲ့က ကြေညာ
■ လူထုကရွေးချယ်မည့် ခေါင်းဆောင်နှင့် ပူးပေါင်းရန်အသင့်ရှိကြောင်း ဝန်ကြီးချုပ် ပြောကြား
ဆီးရီးယားနိုင်ငံတွင် အယ်ကေဒါအဖွဲ့ နှင့် အဆက်အသွယ်ရှိသည့် သူပုန်အဖွဲ့က သမ္မတ ဘာရှာအယ်အာဆတ်၏ အုပ်ချုပ်မှု အဆုံးသတ်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက် တွင်ကြေညာခဲ့သည်။
အာဆတ်သည် ဒီဇင်ဘာ ၈ ရက်တွင် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ပြီးနောက် ဘာ့သ်ပါတီ၏ ဆယ်စုနှစ် ငါးစုကြာ အုပ်ချုပ်မှုအဆုံးသတ်ပြီဖြစ်ကြောင်း သူပုန်အဖွဲ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားဝန်ကြီးချုပ်ကမူ လူထု ကရွေးချယ်မည့် မည်သည့်ခေါင်းဆောင်နှင့်မဆို ပူးပေါင်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ ဒမတ်စကတ် မြို့တော်တွင် နေထိုင်သူများက လမ်းများပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကာ သူပုန်များက ဒမတ်စကတ် မြို့တော်လွတ်လပ်ရေးရပြီဖြစ်ကြောင်း ကြေညာခဲ့့သည်။
မြို့ခံအချို့သည် အာဆတ်၏ ဖခင်ဖြစ်သည့် ဟာဖက်ဇ်၏ ဖြိုချဖျက်ဆီးခံထားရသည့် ရုပ်တုပေါ်တွင် ခုန်ပေါက်နေသည်ကို အေအက်ဖ်ပီသတင်းဌာန၏ ရုပ်သံများတွင် ဖော်ပြထားသည်။
“ဒီအခိုက်အတန့်ကို ကျွန်တော်မယုံနိုင်ပါဘူး။ ဒီလိုနေ့မျိုးကို ကျွန်တော်တို့စောင့်နေကြတာ။ ကျွန်တော်တို့က ဆီးရီးယားအတွက် သမိုင်းသစ်တစ်ခုကို စတင်နေပါပြီ” ဟု မြို့ခံတစ်ဦးဖြစ်သည့် အမ်မာ ဘာသာက ပြော ကြားခဲ့သည်။
ဆီးရီးယား၏ အစ္စလာမ်မစ်ဟေယတ်တာရီရာအယ်ရှမ် (HTS) အဖွဲ့သည် သီတင်းနှစ်ပတ်မပြည့်မီအချိန်မှာပင် ဒမတ်စကတ်မြို့တော်ကို သိမ်းပိုက်ခဲ့ပြီးနောက် အာဆတ်သည် နိုင်ငံအတွင်းမှ ထွက်ပြေးသွားသည့် သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားဝန်ကြီးချုပ် မိုဟာမက် အယ်ဂျာလာလီကမူ ဆီးရီးယားပြည်သူများက ရွေးချယ်သည့် မည်သည့်ခေါင်းဆောင်နှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (SOHR) ၏ အကြီးအကဲ ရာမီအဗ္ဗဒယ် ရာမန်ကမူ ဆီးရီးယားစစ်တပ်က ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မစွန့်ခွာမီ အာဆတ်သည် ထိုလေဆိပ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆတ်၏ မဟာမိတ်ဖြစ်သည့် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကလည်း ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားများသည် ဒမတ်စကတ်မြို့တော်အနီး တစ်ဝိုက်ရှိ ၎င်းတို့၏ စခန်းများမှ ထွက်ခွာကြောင်း ပြောကြားခဲ့ပြီး အေအက်ဖ်ပီသတင်း ဌာနက ထိုသတင်းများကို ချက်ချင်းအတည်ပြုနိုင်ခြင်းမရှိပေ။
HTS အဖွဲ့က ၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် ဒမတ်စကတ်မြို့တော်ဆင် ခြေဖုံးရှိ အကျဉ်းထောင်တစ်ခုကို ချိုးဖောက်ဝင်ရောက်ပြီး အာဆတ်၏ မတရားဖိနှိပ်သည့် ခေတ် အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့ သည်။
HTS အဖွဲ့က ဒမတ်စကတ်မြို့တော်သို့ဝင်ရောက်နိုင်သည့် မဟာဗျူဟာကျသည့် ဟွမ်းစ်မြို့ကို သိမ်းပိုက်ခဲ့ကြောင်း ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပင် ဒမတ်စကတ်မြို့တော်ကို ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ ဆီးရီးယားနိုင်ငံ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်