Top News

ဆီးရီးယားသမ္မတ အာရှာအယ်လ်အာဆက် မော်စကိုမြို့သို့ ထွက်ပြေးလာသည်ဟု ရုရှားပြောကြား
24htopnews | December 9, 2024 7:12 PM CST

အစ္စလာမ်မစ်ဦးဆောင်သော သူပုန်များ ဒမတ်စကတ်မြို့ကို ဝင်ရောက်လာသောကြောင့် ဆီးရီးယားနိုင်ငံ၏ ဖြုတ်ချခံရသော သမ္မတဘာရှာအယ်လ်အာဆက်သည် နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီးနောက် နာရီပိုင်းအတွင်းတွင် ၎င်းနှင့်၎င်း၏မိသားစုတို့သည် မော်စကိုမြို့ကို ရောက်နေသည်ဟု ရုရှားအစိုးရသတင်းအရင်းအမြစ်က ရုရှားသတင်းဌာနများကို ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ၌ ဖြစ်ပွားနေသော မြေပြင်အခြေအနေနှင့်ပတ်သက်ပြီး လျင်မြန်စွာ ပြောင်းလဲနေသော အခြေအနေနှင့်စပ်လျဉ်း၍ အာဆက်၏မဟာမိတ်ကြီး ရုရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အရေးပေါ် အစည်းအဝေးကို ခေါ်ယူရန် တောင်းဆိုလိုက်ချိန်တွင် အာဆက်တို့ မော်စကိုသို့ရောက်နေကြောင်း ကရင်မလင်က ပြောကြားခြင်းဖြစ်သည်။

“အာဆက်နဲ့သူ့ရဲ့မိသားစုဝင်တွေဟာ မော်စကိုမြို့ကို ရောက်လာပါပြီ။ ရုရှားဟာ လူသားချင်းစာနာမှုဆိုင်ရာအကြောင်းများကြောင့် သူတို့ကို ခိုလှုံခွင့်ပြုခဲ့ပါတယ်” ဟု ရုရှားအစိုးရသတင်းအရင်းအမြစ်က TASS၊ Ria Novosti သတင်းဌာနများကို ပြောကြားခဲ့သည်။

မော်စကို၌ အာဆက်ရှိနေခြင်းဟုတ် မဟုတ်ဆိုသည်ကို အတည်ပြုပေးရန် အနောက်တာဝန်ရှိသူတစ်ဦးကို အေအက်ဖ်ပီသတင်းထောက်က မေးမြန်းသည့်အခါ “မော်စကိုရဲ့ပြောဆိုမှုဟာ သံသယဖြစ်စရာ အကြောင်းမရှိဘူး။ ဖြစ်နိုင်ခြေများပါတယ်” ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK