
COVID-19 မျိုးကွဲအိုမီခရွန်သည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံ စီးပွားရေးနှင့် ယခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးဖွယ်ရှိနေသည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် အနှောင့်အယှက်အဟန့်အတားတစ်ခု ဖန်တီးပေးရာရောက်နေသည်ဟု နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
IMF က ၎င်း၏ကမ္ဘာလုံးဆိုင်ရာ GDP သည် ယခုနှစ်ဒုတိယသုံးလပတ်တွင် ဆိုးရွားသော သက်ရောက်မှုများ စတင်လျော့နည်းသွားမည်ဟု မျှော်မှန်းထားသော်လည်း နောက်ဆုံးအကြိမ်ဖြစ်ပွားသည့် ဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကြုံတွေ့ခဲ့ရသည့် အဟန့်အတားများကြောင့် ၂၀၂၂ ခုနှစ်အတွက် GDP ခန့်မှန်းချက်မှာ ၄.၄၄ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ယင်းသည် အောက်တိုဘာလက ခန့်မှန်းခြေထက် ထက်ဝက်နိမ့်နေခဲ့သည်။
“၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဟာ အရင်မျှော်မှန်းထားတာထက် အားနည်းတဲ့အနေအထားမှာရှိနေပါတယ်” ဟု IMF က ၎င်း၏ကမ္ဘာ့စီးပွားရေးအလားအလာ (WEO) ၏ သုံးလတစ်ကြိမ်နောက်ဆုံးအခြေအနေထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
နိုဝင်ဘာလကုန်ပိုင်းတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ပေါ်ပေါက်လာခြင်းသည် စီးပွားရေးပြန်လည်နာလန်ထူမှု မဝံ့မရဲလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်နေသည်ဟု ထပ်မံပြောကြားခဲ့သည်။
ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ယခင်မျှော်မှန်းထားသည်ထက် ပိုမိုရှည်ကြာနိုင်ခြေရှိသည့် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာမှာ အန္တရာယ်များဖြင့် ဝန်းရံလျက်ရှိသေးသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ၅.၉ ရာခိုင်နှုန်း ဖွံ့ဖြိုးလာသည့် လွန်ခဲ့သည့်နှစ်ကခိုင်မာသော ပြန်လည်နာလန်ထူမှုများအပြီးတွင် IMF သည် နိုင်ငံတိုင်းနီးပါးအတွက် ခန့်မှန်းချက်များကို လျှော့ချခဲ့ပြီး အိန္ဒိယသည် ထင်ရှားသောခြွင်းချက်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ၎င်းသည် အကြီးမားဆုံးသက်ရောက်မှုများရှိခဲ့သည့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကို အဆင့်လျှော့ချခဲ့သည်။
“အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် အဟန့်အတားဟာ၂၀၂၂ ပထမသုံးလပတ်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုအပေါ် ဖိစီးလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“ဒုတိယသုံးလပတ်မှာကမ္ဘာလုံးဆိုင်ရာ အိုမီခရွန်မျိုးကွဲကူးစက်မှုတွေ လျှော့ကျသွားနိုင်ပြီး ဗိုင်းရပ်စ်ဟာနောက်ထပ်မျိုးကွဲအသစ်တွေ ထပ်မံသန္ဓေမပြောင်းနိုင်ဘူးလို့ ယူဆတဲ့အတွက် ဒီကာလမှာ မကောင်းတဲ့သက်ရောက်မှုတွေဟာ စတင်လျှော့ပါးလာမယ်လို့ ယူဆထားပါတယ်” ဟု ဖော်ပြထားသည်။
ကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်းသည် စီးပွားရေးအလားအလာအတွက် အရေးပါကြောင်း IMF က အလေးပေးပြောကြားခဲ့ပြီး ဖွံံ့ဖြိုးပြီးနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်နေသည့် ပြည်သူများကိုထပ်တိုး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရန်လုပ်ဆောင်နေချိန်တွင် ကာကွယ်ဆေးပြတ်လပ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကာကွယ်ဆေးထိုးနှံမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်