
1MDB အရှုပ်တော်ပုံဟုခေါ်သည့် နိုင်ငံတော်ရန်ပုံငွေ အလွဲသုံးစားလုပ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထောင်ဒဏ် ၁၂ နှစ်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံထားရာ၊ ထိုကိစ္စအပေါ် မလေးရှားဘုရင်ဦးဆောင်သည့် Pardons Board အဖွဲ့က မကြာမီ ပြုလုပ်မည့်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင်ပြုလုပ်သည့် ၎င်းအဖွဲ့အစည်းအဝေးအမီ လွတ်ငြိမ်းခွင့်ပေးရန်ကိစ္စကို နာဂျစ်တို့ဘက်က လျှောက်ထားခဲ့သော်လည်း ထိုကိစ္စကို ရွှေ့ဆိုင်းခဲ့ပြီး ယခုလာမည့် ဇန်နဝါရီ တတိယသီတင်းပတ် အစည်းအဝေးမှသာ ဆုံးဖြတ်မည်ဖြစ်သည်။
ထိုအစည်းအဝေးသည် ဇန်နဝါရီ ၃၁ ရက်တွင် ဘုရင်အရိုက်အရာကို လက်လွှဲရတော့မည့် ဆူလ်တန်အဗ္ဗဒူလာ၏ နောက်ဆုံးတာဝန်များထဲမှ တစ်ခုဖြစ်သည်။
နိုင်ငံ၏ထီးနန်းကို အလှည့်ကျဆက်ခံရသည့်စနစ်အရ လက်ရှိဘုရင်က ဂျိုဟော်ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါကို ထီးနန်းလွှဲပေးသွားမည်။
အကျဉ်းကျနေသည့် အပြစ်သားများကို လွတ်ငြိမ်းခွင့်ပေး၊ မပေး ဘုရင်က နောက်ဆုံး အဆုံးအဖြတ်ပေးခွင့်ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း အလားတူစနစ်မျိုးရှိသည်။ စောင့်ကြည့်လေ့လာသူများကမူ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပါက လက်ရှိဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အတွက် မလိုလားဖွယ် နိုင်ငံရေးဂယက်များ ထလာနိုင်သည်ဟု သုံးသပ်နေကြသည်။
မစ္စတာအန်ဝါကိုယ်တိုင်လည်း ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခဲ့ဖူးပြီး နှစ်ကြိမ်စလုံး ပယ်ချခံခဲ့ရသည်။ သို့သော် ၂၀၁၈ ခုနှစ်၊ မေလလယ်တွင် (ထိုစဉ်က) ပ ဉ္စမမြောက်မိုဟာမက် ဘုရင်၏ အဆုံးအဖြတ်ဖြင့် ထောင်ဒဏ်ငါးနှစ်ကျနေသည့် မစ္စတာအန်ဝါ လွတ်ငြိမ်းခွင့်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်