
အီကွေဒေါနိုင်ငံ၊ ဂွါယာကီမြို့တွင် ဇန်နဝါရီ ၉ ရက်က နိုင်ငံပိုင်ရုပ်သံ TC ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေသည့် စတူဒီယိုခန်းထဲသို့ သေနတ်သမားများဝင်ရောက်စီးနင်း ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်။သေနတ်သမားများက ခေါင်းစွပ်မျက်နှာဖုံးဝတ်လာကြပြီး သေနတ်သမားတစ်ဦးက ဓားစာခံတစ်ဦး၏ခေါင်းကို သေနတ်ဖြင့် ချိန်ထားခဲ့သည်။
AFP သတင်းတွင် အမျိုးသမီးတစ်ဦး၏ " မပစ်ပါနဲ့ ၊ ကျေးဇူးပြုပြီး မပစ်ပါနဲ့ " ဆိုသည့်တောင်းပန်သံကို ကြားရသည်ဟု ဖော်ပြထားသည်။တိုက်ရိုက်ထုတ်လွှင့်မှုက ပြတ်တောက်မသွားဘဲ သေနတ်သမားများကိုမြင်ရပြီးနောက် နာရီဝက်ခန့်အကြာတွင် ရဲတပ်ဖွဲ့ဝင်များဝင်ရောက်သွားသည်ကို တွေ့မြင်ရသည်။ ဝန်ထမ်းအားလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး အဖမ်းအဆီး ၁၃ ဦးရှိသည်ဟု ရဲတပ်ဖွဲ့ကကြေညာကာ သိမ်းဆည်းရမိလာသည့်လက်နက်များကို ပြသခဲ့သည်။အကြမ်းဖက်လုပ်ရပ်အတွက် ကျူးလွန်သူများကို အပြစ်ပေး သွားမည်ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။
နိုင်ငံ၏အထင်ရှားဆုံး လူဆိုးတစ်ဦး ထောင်မှလွတ်သွားပြီးနောက် ၊နိုင်ငံအတွင်းရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေနှင့် သတ်မှတ်ချိန်အတွင်းညမထွက်ရ ကာဖျူးအမိန့်ကို အီကွေဒေါသမ္မတသစ် ဒန်နီယယ်နိုဘိုအာက ထုတ်ပြန်ကြေညာလိုက်ပြီး နောက်တစ်နေ့တွင် ရုပ်သံစီးနင်းခံရမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းပဋိပက္ခကြုံနေရပြီဖြစ်ကြောင်းနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ၊ အကြမ်းဖက်အဖွဲ့များကိုရှင်းလင်းရန် စစ်တပ်ကို ညွှန်ကြားထားကြောင်း အသက်၃၆နှစ်သာ ရှိသေးသည့် အီကွေဒေါ သမ္မတ နိုဘိုအာကဆိုသည်။
ဇန်နဝါရ ၈ ရက်က ဆူပူအုံကြွမှုများဖြစ်ခဲ့သည့် အကျဉ်းထောင်ခြောက်ခုတွင် တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်ရန် အာဏာပိုင်များကြိုးစားနေရသည်။
ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးပြန်ပေးဆွဲခံထားရပြီး ဆိုရှယ်မီဒီယာတွင်ပျံ့လာသည့်ဗီဒီယိုတွင် ပြန်ပေးဆွဲထားသည့်ရဲသုံးဦးကို မြေပြင်တွင်ထိုင်စေလျက် သေနတ်ဖြင့်ချိန်ထားကာ စစ်ကြေညာခဲ့သည့် သမ္မတနိုဘိုအာကို ပြန်စိန်ခေါ်ထားသည့် စကားအချို့ကို ရဲတစ်ဦးအားဖတ်ခိုင်းခဲ့သည်။
အိမ်နီးချင်းပီရူးနိုင်ငံကလည်း မိမိတို့ဘက်သို့ မတည်မငြိမ်မှုများကူးစက်လာမည်ကိုတားဆီးနိုင်ရန် နယ်စပ်သို့လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်ထားသည်။
Ref:AFP & BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်