
ကမ္ဘာကျော်ကေပေါ့ပ်အဖွဲ့ BTS ၏ ဖျော်ဖြေပွဲကိုကြည့်ခွင့်ရရေး တောင်ကိုရီးယားသို့သွားရန် အစီအစဉ်ဆွဲထားသည့် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်နေ ဆယ်ကျော်သက်ကျောင်းသူသုံးဦး ပြီးခဲ့သည့် ရက်ပိုင်းက နေအိမ်မှပျောက်ဆုံးသွားခဲ့သည်။
ကျောင်းသူသုံးဦးက အစိုးရကျောင်း တစ်ကျောင်းတွင်တက်နေသူများဖြစ်ပြီး BTS ရှိုးပွဲကို ကိုရီးယားအထိသွားကြည့်မည်ဆိုသည့်အကြံဖြင့် နေအိမ်များမှ ထွက်ပြေးသွားခြင်းဖြစ်ကာ၊နောက်ဆုံးတွင် အကြံမအောင်ဘဲ ရဲတပ်ဖွဲ့ကပြန်ကယ်လာခဲ့ရသည်။
ထိုကျောင်းသူသုံးဦးသည် ဇန်နဝါရီ ၄ ရက်က ကျောင်းသို့သွားမည်ဆိုကာ ထွက်သွားကြပြီး အိမ်သို့ပြန်ရောက်မလာကြပေ။ ကျောင်းပျက်ကွက်ကြောင်း ဆရာမများကအကြောင်းကြားလာတော့မှ မိဘများက ရဲသို့လူပျောက်တိုင်ကြတော့သည်။ထို့နောက်ရဲတပ်ဖွဲ့က ရှာဖွေရေးစတင်လိုက်ပြီး ကားမှတ်တိုင် များ၊ ရထားဘူတာများရှိ CCTV မှတ်တမ်းများကို စစ်ဆေးကြသည်။ခြေရာခံမည့်အထူးအဖွဲ့နှစ်ဖွဲ့လည်း ဖွဲ့လိုက်သည်။
မှတ်တမ်းတစ်ခုတွင် ကျောင်းသူသုံးဦးက ရထားတစ်စင်းပေါ်တက်သွားသည်ကိုမြင်ရသဖြင့် ပြန်ပေးဆွဲခံရခြင်းမဟုတ်မှန်း သိလိုက်ရသည်။ ထို့နောက်မီးရထားရဲတပ်ဖွဲ့က ဘူတာအားလုံးကို ချက်ချင်းပင်အကြောင်းကြားလိုက်သည်။နောက်ဘူတာတစ်ခုတွင် ကျောင်းသူသုံးဦးကို ပြန်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က ပြန်ခေါ်လာခဲ့သည်။
ကျောင်းသူများ၏ထွက်ဆိုချက်အရ သူတို့သုံးဦးထွက်ပြေးလာစဉ်က ပိုက်ဆံအနည်း ငယ်ပါလာကြသည်။ ရှိုးပွဲတွင်ဝတ်စားရန် စျေးဝယ်ခဲ့ကြပြီး ကိုရီးယားသို့ဆက်သွားရန် ငွေအလုံအလောက်မရှိတော့သည့်အတွက် နေရပ်သို့ပြန်လာရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်ရထားလမ်းဆုံတွင် စားစရာဆင်းဝယ်ရင်း ရထားလွတ်သွားကာကျန်နေခဲ့ သည်။ ရထားပေါ်မှခရီးသည်များက ကျောင်းသူများပျောက်နေသည်ကိုသိပြီး ရဲကိုဆက်သွယ်ခဲ့သဖြင့် သူတို့သုံးဦးကိုကယ်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင်လည်း ကိုရီးယားသို့သွားကာ BTS နှင့်တွေ့ရန်ရည်ရွယ်ချက်ဖြင့် ဆယ်ကျော်သက်မိန်းကလေးနှစ်ဦး ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှ ပျောက်သွားခဲ့သည်။ထို့နောက်နေအိမ်မှ မိုင်ပေါင်း ၇၅၀ ကျော်အကွာတွင် ပြန်တွေ့ခဲ့သည်။ထိုဖြစ်ရပ်ပေါ်ပေါက်အပြီး သားသမီးများအွန်လိုင်းတွင် ကြည့်ရှုနေသည်များကိုသိရန် ဖုန်းသုံးချိန်တွင် မိဘများသေချာစောင့်ကြည့်ရန်လိုသည်ဟု ရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်