
ထိုင်ဝမ်တွင် အရေးပါသော သမ္မတရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုတွင် တရုတ်က ဂြိုဟ်တုတစ်စင်း လွှတ်တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက်က ထိုင်ဝမ်တစ်ဝန်း အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ အကြိုကာလတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ထိုင်ဝမ်၏ လက်ရှိဒုသမ္မတဖြစ်ကာ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ထိပ်ဆုံးမှရေပန်းစားနေသည့် သမ္မတလောင်း လိုင်ချင်းတယ်က တရုတ်သည် ယခုသီတင်းပတ်ကုန်၌ ကျင်းပမည့် ထိုင်ဝမ်ရွေးကောက်ပွဲကို သြဇာလွှမ်းမိုးရန် နည်းလမ်းမျိုးစုံ အသုံးပြုနေသည်ဟု စွပ်စွဲခဲ့ပြီး နာရီပိုင်းအကြာတွင် ယင်းသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းရွေးကောက်ပွဲသည် လာမည့်လေးနှစ်တာ ကာလအတွက် ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး၏ လားရာကို ပုံဖော်ပေးမည်ဖြစ်သည်။
တရုတ်က နက္ခတ္တဗေဒဆိုင်ရာ အချက်အလက်များ ရယူစုဆောင်းမည့် Einstein Probe ဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်ကြောင်း ကြေညာခဲ့စဉ် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ထိုင်ဝမ်တစ်လွှား၌ မိုဘိုင်းဖုန်းများတွင် သတိပေးမက်ဆေ့များ ဝင်လာခဲ့သည်။
"တရုတ်ဟာ တောင်ပိုင်းဝေဟင်ပိုင်နက်ပေါ်ကနေ ပျံသန်းသွားတဲ့ ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့တယ်" ဟု ထိုင်ဝမ်က တရုတ်ဘာသာဖြင့် သတိဖြင့်နေကြရန် ပြည်သူများကို သတိပေးနှိုးဆော်ခဲ့သည်။
အင်္ဂလိပ်ဘာသာဖြင့် ပေးပို့သည့် မက်ဆေ့တွင်မူ ယင်းကို လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု သတိပေးချက်ဟု ဖော်ပြခဲ့ပြီး ထိုင်ဝမ်လေပိုင်နက်မှ ဒုံးကျည်တစ်စင်း ဖြတ်ပျံခဲ့သည်ဟု သတိပေးခဲ့သော်လည်း တာဝန်ရှိသူများက ဘာသာပြန်ဆိုမှု မှားယွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါမှားယွင်းမှုအတွက် ပြန်လည်တောင်းပန်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်