Top News

ဂျပန်ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၀၀ ကျော်ရှိလာပြီး လူ ၁၀၂ ဦး ပျောက်နေသည်ဟု အာဏာပိုင်များက ထုတ်ပြန်
24htopnews | December 10, 2024 4:12 AM CST

ဇန်နဝါရီ ၁ ရက်တွင် ဂျပန်အလယ်ပိုင်း ဒေသများကို ထိခိုက်ပျက်စီးသွားစေခဲ့သော အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူစုစုပေါင်းသည် ဇန်နဝါရီ ၉ ရက်တွင် ၂၀၀ ကျော်ရှိသွားပြီဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး ပျောက်နေသူ ၁၀၀ ကျော်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

မဂ္ဂနီကျု ၇ ဒသမ ၅ ရှိသော မြေငလျင်သည် အဆောက်အအုံများကို ပြိုကျပျက်စီးစေခဲ့ပြီး မိသားစုများ နှစ်သစ်ကူးနေ့ကို ကျင်းပလျက်ရှိစဉ် ဂျပန်ကျွန်းမကြီး ဟွန်ရှူးပေါ်ရှိ နီတိုကျွန်းဆွယ်တွင် မီးလောင်မှုများကိုဖြစ် ပေါ်စေခဲ့ကာ လမ်းတံတားအဆောက်အအုံများကို ပြိုကျစေခဲ့သည်။

ငလျင်လှုပ်ပြီးနောက် ရှစ်ရက်အကြာတွင် ကယ်ဆယ်ရေးသမား ထောင်ပေါင်းများစွာသည် အပျက်အစီးများကို ရှင်းလင်းရန်ပိတ်နေသော ကားလမ်းများနှင့် မကောင်းသော မိုးလေဝသအခြေအနေတို့ကြားရုန်း ကန်နေရသည်သာမက တသီးတခြားဖြစ်နေ သော မြို့ရွားများတွင် ပိတ်မိနေသူ ၃,၅၀၀ နီးပါးထံရောက်ရှိရန် ရုန်းကန်နေရသည်။

အီရှီကာဝါ ဒေသဆိုင်ရာ အာဏာပိုင်များက ဇန်နဝါရီ ၉ ရက်တွင် ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့ရာ ၂၀၂ ဦးသေဆုံးသည်ဟု အတည်ပြုခဲ့သည်။ ထို့ကြောင့်သေဆုံးသူ အရေအတွက်သည် ဇန်နဝါရီ ၈ ရက်တွင် ၁၈၀ ရှိခဲ့ရာမှ ယခုမြင့်တက်လာခြင်းဖြစ်ပြီး ပျောက်ဆုံးသူအရေအတွက်မှာ ၁၂၀ မှ ၁၀၂ ဦးသို့ ကျဆင်းသွားခဲ့သည်။

ဗဟိုစာရင်းအင်း အချက်အလက်များကို နောက်ဆုံးအနေအထားဖြစ်အောင် အဆင့်မြှင့်တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်တွင်အာဏာပိုင်များက ပျောက်ဆုံးသူအရေအတွက်သည် ၃၂၃ ဦးအထိရှိကာ သုံးဆ ကျော်ရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။အထူးသဖြင့် အဆိုးရွားဆုံးထိခိုက်ခဲ့သောဝါဂျီမာတွင် ပျောက်နေသူအများဆုံးဟု ဆိုသည်။

သို့ရာတွင် မိသားစုများသည် အာဏာပိုင်များ ထုတ်ပြန်သည့် ပျောက်ဆုံးစာရင်းတွင်ပါဝင်နေသူများ၏ ဘေးကင်းမှုကို အတည်ပြုကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြသည်ဟု အီရှီကာဝါ တာဝန်ရှိသူ ဟာယာတိုယာချီက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

၇ ဒသမ ၅ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းနေသည့်အတွက် ကယ်ဆယ်ရေး အစီအစဉ်များကို ရှုပ်ထွေးစေခဲ့ပြီး လူ ၂,၀၀၀ ကျော်သည် ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ကာ နောက်ထပ်လူအများအပြားသည်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း သို့မဟုတ် လူကျပ်ညပ်နေသည့် ယာယီခိုလှုံရေးစခန်းများတွင် သွားရောက်နေထိုင်ရခြင်းတို့နှင့် ကြုံတွေ့နေရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခဲရှုပ်ထွေးစေသော နေရာများတွင် ဆီးနှင်းများထူထပ်နေခြင်းနှင့်အတူ ဇန်နဝါရီ ၈ ရက်တွင်  လူ ၃၀,၀၀၀ နီးပါးသည် အစိုးရခိုလှုံရေးစခန်း ၄၀၀ နီးပါးတွင် နေထိုင်နေရသည်။ ခိုလှုံရေး စခန်းအချို့သည် ပြည့်ကျပ်နေပြီး လုံလောက်သည့်အစားအစာ၊ ရေ၊ အပူပေးစနစ်တို့ကို ပံ့ပိုးပေးရန် ရုန်းကန်နေရသည်။

အိမ်ထောင်စု ၆၀,၀၀၀ နီးပါးသည် ရေမလာသည့်ပြဿနာကို ကြုံတွေ့နေရပြီး အိမ်ထောင်စု ၁၅,၆၀၀ သည် လျှပ်စစ်ဓာတ်အားမရဟု သိရသည်။ ရက်ချီမိုးရွာခဲ့ခြင်းကြောင့် ခန့်မှန်းခြေမြေပြိုမှု ၁,၀၀၀ ဖြစ်ပွားခဲ့ခြင်းက ကားလမ်းအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။                        

Ref: AFP

 


READ NEXT
Cancel OK