
ဟားမာ့စ်နှင့်ဖြစ်ပွားနေသောစစ်ပွဲသည် တစ်နှစ်လုံး ဆက်လက်ဖြစ်ပွားနေလိမ့်မည်ဟု အစ္စရေးက ပြောကြားလျက်ရှိစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီယိုဘလင်ကင်သည် ဒေသတွင်းစစ်မီးအဖြစ် ဂါဇာပဋိပက္ခကြီးထွားမလာစေရေး တားဆီးရန်ကြိုးပမ်းသည့်အနေဖြင့်ဇန်နဝါရီ ၉ ရက် တွင်အစ္စရေးခေါင်းဆောင်များနှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
ဘလင်ကင်သည် ဇန်နဝါရီ ၈ ရက်ညပိုင်းတွင် တဲလ်အဗစ်မြို့ကို ရောက်ရှိလာခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်စစ်သွေးကြွတို့က အစ္စရေးကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားရသည့် စစ်ပွဲအဆုံးသတ်ရေး အတွက် အာရပ်ခေါင်းဆောင်များနှင့် နှစ်ရက်ကြာဆွေးနွေးခဲ့သည့်ကိစ္စများအား ဘလင်ကင်က အစ္စရေးတာဝန်ရှိသူများကို ပြောပြမည်ဖြစ်သည်။
အရပ်သားများကို ပိုမိုအကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေသူများထံရောက်ရှိရေးအတွက် အဖြစ်မနေလုပ်ဆောင်ရန် နေတန်ယာဟု၏အစိုးရအဖွဲ့ကို ဖိအားပေးသွားမည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေ သောဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၃,၀၀၀ သေဆုံးခဲ့သည်ဟုဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ ထို့အပြင် ဂါဇာပြည်သူ ၂ ဒသမ ၃ သန်း၏ အများစုသည် စစ်ဘေးရှောင်နေရခြင်းကြောင့် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာအကျပ် အတည်း ကို ဖန်တီးနေသည်ဟု ဆိုသည်။
စစ်ပွဲ ပြန့်ပွားလာဖွယ်ရာရှိနေသည့် နောက်ဆုံးလက္ခဏာအဖြစ် အစ္စရေးက ဇန်နဝါရီ ၈ ရက်တွင် လက်ဘနွန်တောင်ပိုင်း၌ ဟားမာ့စ်၏မဟာမိတ်အဖွဲ့ဖြစ်သော ဟစ်ဇဘိုလာ၏တပ်မှူးကြီးတစ်ဦးကို သတ်ခဲ့သည်ဟု ဟစ်ဇဘိုလာအုပ်စု၏စစ်ဆင်ရေးများနှင့် အကျွမ်းတဝင်ရှိနေသော သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
ထို့အပြင် အစ္စရေးသည် ဆီးရီးယားတွင် တိုက်ခိုက်မှုများမကြုံစဖူးလုပ်ဆောင်လျက်ရှိပြီးဒေသတွင်း အီရန်၏လက်ဝေခံအဖွဲ့များအတွက် အီရန်၏လက်နက်အသက်သွေးကြောများတွင် ပါဝင်ပတ်သက်နေသောလူ များ၊ အခြေခံအဆောက်အအုံများ၊ ကုန်တင်ကားများကို ပစ်မှတ်ထားလျက်ရှိသည်။
ဂါဇာထိုးစစ်၏ပြင်းထန်မှုက ဟားမာ့စ်အုပ်စုကို ချေမှုန်းရန် အစ္စရေး၏ပိုင်းဖြတ်ထားမှုကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ တစ်ဦးတည်းသော ရန်သူကို တိုက်နေရတာမဟုတ်ဘဲ မဟာမိတ်ဖွဲ့ထားတဲ့ ရန်သူကို တိုက်နေရတာဖြစ်တယ် ဆိုတာကျွန်တော့်ရဲ့အခြေခံကျတဲ့ အမြင်ဖြစ်ပါတယ်”ဟု ဂါးလန့်က ဝေါစထရိဂျာနယ်ကို ပြောကြားခဲ့သည်။
ထိုးစစ်အင်အားလျှော့ချရန် အစ္စရေးကိုအမေရိကန်ပြည်ထောင်စုနှင့်အာရပ် ခေါင်းဆောင်းများ၏ဖိအားပေးမှုများ တိုးလာနေသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဇန်နဝါရီ ၈ ရက်က တောင်ကာရိုလိုင်းနား ခရီးစဉ်အတွင်း ယခု အပစ်အခတ်ရပ်စဲရန် တောင်းဆိုသောဆန္ဒပြသူများကို ရင်ဆိုင်ခဲ့ရသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်