
ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်သော ငြိမ်းချမ်းရေးကြိုးပမ်းမှုများမရှိပါက ဂါဇာစစ်ပွဲသည် အရှေ့ အလယ်ပိုင်းဒေသတွင်းပြန့်ပွားလာနိုင်သည်ဟု သတိပေးပြောကြားခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီးအန်တိုနီယိုဘလင်ကင်သည် အစ္စရေးကို မသွားမီ ဇန်နဝါရီ ၈ ရက်တွင် ယူအေအီး၊ ဆော်ဒီအာရေဗျတို့နှင့်ဆွေးနွေးမည်ဟု သိရသည်။
ဘလင်ကင်သည် ငါးရက်ကြာ အရှေ့အလယ်ပိုင်း သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို ဇန်နဝါရီ ၇ ရက်တွင် ဂျော်ဒန်၊ ကာတာတို့၌ စတင်ခဲ့ပြီး ဒေသတွင်းပိုမို ကျယ်ပြန့်သော စစ်ပွဲကိုရှောင်လွှဲရန်နည်း လမ်းရှာခဲ့သည်။ ဘလင်ကင်သည် ယခုသီတင်းပတ်အတွင်းတွင် အနောက်ဘက်ကမ်းနှင့် အီဂျစ်တို့ကို သွားရန် စီစဉ်ထားသည်။
“ဒါဟာ ဒေသအတွက် နက်နဲသိမ်မွေ့တဲ့ တင်းမာမှု ဖြစ်ပေါ်နေတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒါဟာ လွယ်ကူစွာ ကူးစက်သွားနိုင်တဲ့ ပဋိပက္ခဖြစ်ပြီးတော့ပိုပြီးတော့တောင် မလုံခြုံမှုနဲ့ဒုက္ခတို့ကို ဖြစ်စေနိုင်ပါတယ်”ဟု ဘလင်ကင်က အဘူဒါဘီကို မသွားမီ ဒိုဟာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂါဇာထိုးစစ်၏ပြင်းထန်မှုက ဟားမာ့စ် အုပ်စုကို ချေမှုန်းရန် အစ္စရေး၏ပိုင်းဖြတ်ထားမှုကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ တစ်ဦးတည်းသော ရန်သူကို တိုက်နေရတာမဟုတ်ဘဲ မဟာမိတ်ဖွဲ့ထားတဲ့ ရန်သူကို တိုက်နေရတာဖြစ်တယ် ဆိုတာကတော့ ကျွန်တော့်ရဲ့အခြေခံကျတဲ့အမြင်ဖြစ်ပါယ်”ဟု ဂါးလန့်က ဝေါစထရိဂျာ နယ်ကို ပြောကြားခဲ့သည်။
“အီရန်ဟာ စစ်ရေးအင်အားကိုအသုံးပြုဖို့ အစ္စရေးအနီးဝန်းကျင်မှာ စစ်ရေးအင်အားကို တည်ဆောက်နေတာဖြစ်ပါတယ်” ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် လက်ဘနွန်နယ်စပ်ဖြတ်ကျော်၍ အပြန်အလှန်ပစ်ခတ်မှုများ မကြာမကြာ ဖြစ်ပွားလျက်ရှိပြီး အီရန်ကျောထောက်နောက်ခံပြုထားသော ဟူသီရ်သူပုန်များသည် ပင်လယ်နီတွင် ကုန် သင်္ဘောများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ဂါဇာတွင် အစ္စရေးလုပ်ဆောင်နေသော စစ်ဆင်ရေးရပ်သွားစေရန် ကြိုးပမ်းလျက်ရှိသည်။
သုံးလပြည့်သွားပြီဖြစ်သောအစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသောဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့်လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အ နည်းဆုံးလူ ၂၂,၈၃၅ ဦးသေဆုံးထားသည်ဟု နောက်ဆုံးထုတ်ပြန်ချက်တွင် ဟားမာ့စ်အုပ် ချုပ်နေသောဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ ဇန်နဝါရီ ၆ ရက် တစ်ရက်တည်းတွင် ၁၁၁ ဦးသေဆုံးခဲ့ပြီး လူ ၂၅၀ ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်းကျန်းမာ ရေးအာဏာပိုင်များက ဇန်နဝါရီ ၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟုအစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ ပြန်ပေးဆွဲခံရသူများထဲက ၁၃၂ ဦးသည် ဂါဇာတွင်ရှိနေဆဲဖြစ်သည်ဟု အစ္စရေးကထုတ်ပြန်ထားသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်