
ပြည်ပအတိုင်ပင်ခံကုမ္ပဏီ၏ အကြီးအကဲတစ်ဦးသည် ဗြိတိန်၏ MI6 ထောက်လှမ်း ရေးအဖွဲ့အတွက် သူလျှိုလုပ်ပေးနေကြောင်း ဖော်ထုတ်သိရှိခဲ့သည်ဟု တရုတ်ထောက်လှမ်းရေးအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်၏ နိုင်ငံ့လုံခြုံရေးဝန်ကြီးဌာနက WeChat တွင်တင်ထားသည့် ပို့စ်တစ်ခုတွင် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီသည် ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတစ်ခုကို ထူထောင်ရန် ဟွမ်အမည်ရှိ ပြည်ပနိုင်ငံသားတစ်ဦးကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။
ပြည်ပအတိုင်ပင်ခံ အေဂျင်စီတစ်ခုကို ဦးဆောင်လုပ်ကိုင်နေသည့် ဟွမ်သည် ဗြိတိန်အတွက် တရုတ်နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်များကို စုဆောင်းရန် ၎င်းတို့၏ လုပ်ငန်းကို အသုံးချပြီး MIS ၏ ညွှန်ကြားချက်များအရ တရုတ်နိုင်ငံအတွင်းသို့ မကြာခဏဝင်ရောက်ခဲ့သည်ဟု တရုတ်၏ နိုင်ငံလုံခြုံရေးဝန်ကြီးဌာန(MSS)က ပြောကြားခဲ့သည်။
ဟွမ်သည် ၎င်း၏ လုပ်ဆောင်မှုများကို တရုတ်က သိရှိမသွားမီအချိန်အထိ MIS ကို တရုတ်၏ လျှို့ဝှက်အဆင့် လျှို့ဝှက်ချက်များအပါအဝင် ထောက်လှမ်းရေးသတင်း ၁၇ ခုကို ပေးပို့ခဲ့သည်ဟု ယူဆရကြောင်း MSS က ထုတ်ပြန်ခဲ့သည်။
သူသည် ဗြိတိန်တွင် ပရော်ဖက်ရှင်နယ် ထောက်လှမ်းရေးသင်တန်းများကို လေ့ကျင့်သင်ယူခဲ့ပြီး အဆိုပါ ထောက်လှမ်းရေးအချက်အလက်များကို ပေးပို့ရန် ကျွမ်းကျင်ထောက်လှမ်းရေးပစ္စည်းကိရိယာများကို အသုံးပြုခဲ့ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဟွမ်သည် အဖျက်အမှောင့်လုပ်ငန်းများတွင် ပူးပေါင်းကြံစည်မှု၌ ပါဝင်ခဲ့ပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်ကာ ပြစ်မှုဆိုင်ရာ နိုင်ထက်စီးနင်းပြုလုပ်သည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့သည်ဟု စုုံစမ်းစစ်ဆေးမှုများ အရ ဖော်ထုတ်သိရှိခဲ့ကြောင်း MSS က ပြောကြားခဲ့သည်။
ဟွမ်၏ အမည်ရင်းနှင့် ၎င်းအား စေခိုင်းသူ၏ အသေးစိတ်အချက်အလက်များ သို့မဟုတ် ဟွမ်၏ လက်ရှိအခြေအနေနှင့်မည်သည့်နေရာတွင်ရှိနေသည်ဆိုသည့်အချက်များကို MSS က ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ပေကျင်းမြို့တော်ရှိ ဗြိတိန်သံရုံး၏ ညွှန်ကြားချက်အရ အေအက်ဖ်ပီသတင်းဌာနသည် လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေးရုံးကို မှတ်ချက်ပေးရန် တောင်းခံခဲ့သော်လည်း ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။
မကြာသေးမီလများအတွင်း တရုတ်နှင့်ဗြိတိန်သည် သူလျှိုလုပ်မှုများနှင့်ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲပြစ်တင်မှုများပြုလုပ်ခဲ့သည်။
တရုတ်သူလျှိုများသည် ဗြိတိန်အရာရှိများအပေါ် ပစ်မှတ်ထားမှုများ ပိုမိုမြှင့်တင်လျက်ရှိကြောင်း ဗြိတိန်အစိုးရက သတိပေးခဲ့သော်လည်း တရုတ်က ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်ကလည်း ဗြိတိန်ပါလီမန်တွင် သုသေသနပညာရှင်တစ်ဦးသည် ဌာနဆိုင်ရာလျှို့ဝှက်ချက် အက်ဥပဒေအောက်တွင် ဖမ်းဆီးခံခဲ့ရပြီး ထိုပုဂ္ဂိုဟ်ကသူသည် တရုတ်အတွက် သူလျှိုလုပ်ပေးနေခြင်းမရှိ ကြောင်း ငြင်းဆိုခဲ့သည်။
နိုင်ငံလျှို့ဝှက်ချက်များနှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် တရုတ်သည် မကြာသေးမီလများအတွင်းက အခြား သူလျှိုမှုများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း အသက် ၇၈ နှစ်အရွယ် အမေရိကန်နိုင်ငံသား ဂျွန်ရှင်းဝမ်လျန်သည် သူလျှိုလုပ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရသော်လည်း ထိုအမှုနှင့်ပတ်သက်ပြီး တရုတ်က အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်