Top News

အမေရိကန်စစ်သင်္ဘောကို ဟူသီရ်တို့ဘက်က ပစ်လိုက်သော ခရုစ်ဒုံးကျည်ကို ပစ်ချခဲ့သည်ဟု အမေရိကန်စစ်တပ်ပြောကြား
24htopnews | December 10, 2024 5:12 AM CST

ဟူသီရ်ထိန်းချုပ်ထားသော ယီမင်ဒေသများမှ အမေရိကန်စစ်သင်္ဘောကို ပစ်လိုက်သော ခရုစ်ဒုံးကျည်ကို မိမိတို့၏တပ်ဖွဲ့များက ပစ်ချခဲ့သည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

ဟူသီရ်ဘက်က ကြိုးပမ်းလုပ်ဆောင်လာသော တိုက်ခိုက်မှုများ သို့မဟုတ် ဒုံးကျည် နှင့်ဒရုန်းတိုက်ခိုက်မှုများ,များပြားလာချိန်တွင် ယခုတိုက်ခိုက်မှုသည် အမေရိကန် စစ်သင်္ဘောကို ပထမဆုံးတိုက်ခိုက်မှု ဖြစ်ပုံရသည်။

“ဇန်နဝါရီ ၁၄ ရက်(ဆာနားစံတော်ချိန်) ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ ယီမင်ရဲ့ အီရန် ကျောထောက်နောက်ခံပြုဟူသီရ် စစ်သွေးကြွနယ်မြေတွေကနေ ယူအက်စ်အက်စ် လာဘွန်း(DDG 5 8)ကို သင်္ဘောဖျက်ခရုစ် ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ ပင်လယ်နီတောင်ပိုင်းမှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်”ဟု အမေရိကန်ပြည်ထောင်စု ဗဟိုကွပ်ကဲရေးဌာနက ထုတ်ပြန်ခဲ့သည်။

“ဒုံးကျည်ကို ဟိုဒေဒါကမ်းရိုးတန်းအနီးမှာ အမေရိကန်တိုက်လေယာဉ်က ပစ်ချခဲ့ပါ တယ်။ ဒဏ်ရာရတာတွေ၊ ပျက်စီးတာတွေမရှိပါဘူး”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်က ယီမင်ရှိ သူပုန်ပစ်မှတ်များကို ဇန်နဝါရီ ၁၄ ရက်တွင် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့သည်ဟု ဟူသီရ်က သတင်းထုတ်ပြန်ခဲ့သည်ကို အမေရိကန်ပြည်ထောင်စုက စောစောပိုင်းတွင် ပယ်ချခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်တိုက်ခိုက်မှုများက ဟူသီရ်သူပုန်ထိန်းချုပ်ထားသော ဟိုဒေဒါကို ထိမှန်ခဲ့သည်ဟု ဟူသီရ်မီဒီယာက ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦးကမူ ဇန်နဝါရီ ၁၄ ရက်တွင် အမေရိကန်သို့မဟုတ် ညွန့်ပေါင်း၏ တိုက်ခိုက်မှုမရှိဟု ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၂ ရက် နံနက်စောစောတွင် အမေရိကန်နှင့်ဗြိတိန်တို့ကဟူသီရ်၏စစ်ရေးပစ်မှတ်များကို ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် လေတပ်အခြေစိုက်စခန်း၊ လေဆိပ်များ၊ စစ်စခန်းတစ်ခု၊ ဟူသီရ်၏အယ်လ်-မာဆီရာ ရုပ်သံလွှင့်ရုံတို့ ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု  သိရသည်။

အမေရိကန်စစ်တပ်သည် ဟူသီရ်ရေဒါစခန်းကို နောက်ဆက်တွဲ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ဇန်နဝါရီ ၁၂ ရက်ညပိုင်းတွင် အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။  ယင်းနေ့ အစောပိုင်းတိုက်ခိုက်မှုများသည် ဟူသီရ်၏စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

အောက်တိုဘာကတည်းကဟူသီရ် သူပုန်များသည် ပင်လယ်နီတွင်ကုန်တင် သင်္ဘောများကို တိုက် ခိုက်ခဲ့သည်။ အစ္စရေးနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင်ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကိုထောက်ခံ ကြောင်းပြသသည့်အနေဖြင့် ဟူသီရ်သူပုန်တို့က ပင်လယ်နီတွင် တိုက်ခိုက်မှုများကို လုပ် ဆောင်နေခြင်းဖြစ်သည်။ ပင်လယ်နီတွင် သွားလာနေသော သင်္ဘောများကို ဟူသီရ်က တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်ရန် လုံခြုံရေးကောင်စီကလည်း တောင်းဆိုထားသည်။

ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းဝန်းကျင်သည် ယီမင်အနောက်တောင်ပိုင်းနှင့် ဂျီဘူတီအကြားရှိ ပင်လယ်နီဝင်ပေါက်ဖြစ်သည့် ဘက်အယ်လ်မန်ဒက်ကို ပုံမှန်အားဖြင့် ဖြတ်သန်းခြင်းဖြစ်သည်ဆိုသော်လည်း ဟူ သီရ်သူပုန်တို့၏ တိုက်ခိုက်မှုများက ကုန်သွယ်ရေး စီးဆင်းမှုများကို ထိခိုက်စေခဲ့သည်။

ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောများကို ဟူသီရ်သူပုန်၏ဒုံးကျည်၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုများအား နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စုသည် ဗြိတိန်၊ ပြင်သစ်၊ ဘာရိန်း၊ အီတလီတို့နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ နိုင်ငံပါဝင်သော ညွန့်ပေါင်းကိုဖွဲ့ခဲ့သည်။ဟူသီရ်တို့၏တိုက်ခိုက်မှုများက ကမ္ဘာ့ကုန်သွယ်ရေးကိုထိခိုက်စေသည်ဟု  ကုလသမဂ္ဂက ပြောကြားသည်။

Ref: AFP


READ NEXT
Cancel OK