
ဆီးရီးယားသမ္မတအားဖြုတ်ချခဲ့သည HTS ခေါင်းဆောင် အယ်လ်ဂျိုလာနီ သည် ISIS များနှင့်ဆက်နွှယ်ပြီး ၎င်းင်းကို ၂၀၁၇ ခုနှစ်ကတည်းက အမေရိကန်က ဒေါ်လာ ၁၀ သန်းဖြင့် ဝရမ်းထုတ်ထားခဲ့သည်။
ဆီးရီးယား သူပုန်ခေါင်းဆောင် အဘူ မိုဟာမက်အယ်လ်ဂျိုလာနီသည် ယခင်ဂျီဟတ်သမားအဖြစ် တိုက်ပွဲဝင်ခဲ့သောအမည်ကိုဖျောက်ခဲ့ပြီး သမ္မတဘာရှာအယ်လ် အာဆက်ပြုတ်မကျမီ ဒီဇင်ဘာ ၅ ရက်က တည်းက ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ချက်များတွင် ၎င်း၏အမည်ရင်း အာမက် အယ်လ်ရှာရာကို အသုံးပြုခဲ့သည်။
ယင်းသည် ဂျိုလာနီအနေဖြင့်အခြားသူပုန်အုပ်စုများကို ဦးဆောင်သော၎င်းင်း၏အစ္စလာမ်မစ် စစ်သွေးကြွအုပ်စု ဟာရတ် တာရာအယ်လ်ရှမ်(HTS)က ဆီးရီးယား မြို့ တော်ဒမတ်စကတ်ကို သိမ်းပိုက်လိုက်ပြီး ဆီးရီးယားနိုင်ငံ၏နေရာအများအပြားကို ခိုင်ခိုင်မာမာထိန်းချုပ်လိုက်ကြောင်း ကြေ ညာလိုက်သည့် ဆက်စပ်အကြောင်းအရာသစ်အဖြစ် ၎င်း၏တရားဝင်မှုကို တိုးမြှင့်ရန် ကြိုးပမ်းမှုအစိတ်အပိုင်းဖြစ်သည်။
ဂျိုလာနီ၏အသွင်ပြောင်းလဲမှုသည် မကြာသေးမီကမှ ဖြစ်လာခြင်းမျိုးမဟုတ်ပါ။ လွန်ခဲ့သော နှစ်များတွင် ဂရုတစိုက်ပျိုး ထောင်လာသော ပြောင်းလဲမှုဖြစ်သည်။ထိုအချက်ကို အများပြည်သူအတွက် ထုတ်ပြန် ချက်များတွင်လည်းကောင်း၊ နိုင်ငံတကာ သတင်းဌာနများနှင့်အင်တာဗျူးများတွင် လည်းကောင်း မြင်ရမည်ဖြစ်သလို ၎င်း၏ဆင့်ကဲပြောင်းလဲလာသော ပုံပန်းသဏ္ဍာန် တွင်လည်း မြင်ရမည်ဖြစ်သည်။
တစ်ခါတုန်းက ရိုးလာအစဉ်အလာ ဂျီဟတ်ဝတ်စုံကို ဝတ်ဆင်ခဲ့သော ဂျိုလာနီသည် လွန်ခဲ့သောနှစ်များတွင် အနောက်တိုင်း ပုံစံစစ်ဝတ်စုံကို ပိုမိုဝတ်ဆင်ခဲ့သည်။ ယခုအခါ သူသည် စစ်ဆင်ရေးကို ဦးဆောင်နေသူအဖြစ် စစ်ဝတ်စုံကို ဝတ်ဆင်ထားသူဖြစ်ပြီး စစ်ဆင်ရေးခန်းမ၏တပ်မှူးဟူသောတာဝန်ကို ဖော်ပြလျက်ရှိ သည်။
၂၀၂၁ ခုနှစ်တွင် PBS သတင်းဌာနနှင့် အင်တာဗျူးတွင် ဂျိုလာနီက ဆော်ဒီအာရေဗျ၌ ၁၉၈၂ ခုနှစ်တွင် မွေးဖွားသည်ဟု ဖြေကြားခဲ့သည်။ ၎င်း၏ဖခင်သည် ၁၉၈၉ ခုနှစ်အထိ ဆော်ဒီအာရေဗျတွင် ရေနံအင်ဂျင်နီ ယာအဖြစ် အလုပ်လုပ်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ဂျိုလာနီ၏မိသားစုသည် ဆီးရီးယားနိုင်ငံကို ပြန်လာခဲ့သည်။ ၎င်းသည် ဒမတ်စကတ်မြို့၏ မက်ဇာရပ်ကွက်တွင် ကြီးပြင်းခဲ့ပြီး ထိုရပ်ကွက်တွင် နေထိုင်ခဲ့သည်။
ဘာသာရေးစစ်ပွဲဆင်နွှဲသည့် ဂျီဟတ် အဖြစ် ဂျိုလာနီ၏ခရီးစဉ်သည် အီရတ်နိုင်ငံ၌ စတင်ခဲ့သည်။ IS ၏ရှေ့ပြေးအုပ်စုဖြစ် သော အယ်လ်ကိုင်ဒါနှင့်အစပြုခဲ့ခြင်းဖြစ် သည်။ IS သည် အီရတ်နိုင်ငံတွင် အယ်လ် ကိုင်ဒါဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် အီရတ်၏ ISI အုပ်စုဖြစ်လာခဲ့သည်။
၂၀၀၃ အမေရိကန်ဦးဆောင်သော ကျူးကျော်မ ဖြစ်ခဲ့ပြီးနောက် ၎င်းသည် အီရတ်နိုင်ငံတွင် အခြားသော ပြည်ပ တိုက် ခိုက်ရေးသ မားများနှင့်အတူ ပူးပေါင်းခဲ့သည်။ ၂၀၀၅ ခု နှစ်တွင် ၎င်းင်းသည် ကမ့်ဘက်ကာ$ ထောင်ချခံခဲ့ရသည်။ ထောင်ချခံထား ရ ချိန်တွင် ၎င်းင်းသည် ဂျီဟတ်အဖွဲ့ဝင်ဖြစ် ရေး ကိစ္စကို ပိုမို လုပ်ဆောင်ခဲ့သည်။ နောက် ပိုင်း တွင် အဘူ ဘာခါအယ်လ်ဘဂ္ဂဒတ်ဒီနှင့်ချိတ် ဆက်မိခဲ့သည်။အယ်လ်ဘဂ္ဂဒတ်ဒီသည် နောက်ပိုင်း တွင် IS ကို ဦး ဆောင်သူဖြစ်လာ ခဲ့သည်။
IS နှင့် ချိတ်ဆက်နေသော တိတ်တခိိုး အဖွဲ့ခွဲ အယ်လ်နာဆရာ တပ်ဦးဖွဲ့စည်းရေး ရန်ပုံငွေအတွက်၂၀၁၁ ခုနှစ်တွင် ဘဂ္ဂဒတ် ဒီကဂျိုလာနီကို ဆီးရီးယားသို့ စေလွှတ်ခဲ့ သည်။ နာဆရာသည် ၎င်း၏IS နှင့်အယ်လ် ကိုင်ဒါ ဆက်စပ်မှုများကို ဖုံးကွယ်ထားသည့် ထင်ရှားသော ဆီးရီးယား တိုက်ခိုက်ရေးအဖွဲ့ ဖြစ်လာခဲ့သည်။
အီရတ်နိုင်ငံရှိ ဘဂ္ဂဒတ်ဒီ၏အုပ်စုက ISI နှင့် နာဆရာတို့ကို ပူးပေါင်းလိုက်ကြောင်း တစ်ဖက်သတ်ကြေညာသည့် ၂၀၁၃ ခုနှစ် တွင် တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့နှစ်ဖွဲ့သည် ဆက်စပ်နေသည်ဟု ဘဂ္ဂဒတ်ဒီ၏အုပ်စုက ပထမဆုံး လူသိရှင်ကြားကြေ ညာခဲ့သည်။
ဂျိုလာနီက အတိုက်အခံလုပ်ခဲ့သည်။ IS ၏ရက်စက်သောနည်းဗျူဟာတို့နှင့်၎င်းင်း၏ အုပ်စုတို့ ကင်းကင်းကွာကွာရှိရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် အုပ်စုကွဲသွားခဲ့သည်။ နာဆရာကို အယ်လ်ကေဒါအဖွဲ့ခွဲအဖြစ် ထားရန် အယ်လ်ဂျိုနီက ဆုံးဖြတ်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် အယ်လ်ဂျိုနီသည် အယ်လ်ကေဒါနှင့် အဆက်အသွယ်ဖြတ် လိုက်ပြီး အုပ်စုကို ဂျာဘတ်ဖာတာအယ်လ် ရှမ်ဟု အမည်ပြောင်းခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် ဟာရတ်တာယာအယ်လ် ရှမ်(HTS) အဖြစ် အုပ်စုကို အမည်ပြောင်း လဲခဲ့သည်။ အယ်လ်ကေဒါက ဂျိုလာနီကို သစ္စာဖောက်ဟု စွပ်စွဲခဲ့သည်။ ထို့နောက် ဘက်ပြောင်းမှုများရှိခဲ့ပြီး ဟာရက်စ်အယ်လ် ဒင်အဖွဲ့ပေါ်လာခဲ့သည်။ ထို့အဖွဲ့သစ် သည် ဆီးရီးယားနိုင်ငံရှိ အယ်လ်ကေဒါအဖွဲ့ခွဲသစ် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် HTS က ဟာရက်ဟ်အယ်လ်ဒင်အုပ်စုကို ချေမှုန်းခဲ့ သည်။
၂၀၁၇ ခုနှစ်တွင် အမေရိကန် အက်ဖ် ဘီအိုင်က အယ်နာဆရာတပ်ဦး(ANF)၏ ခေါင်းဆောင်ပိုင်းနှင့့် သက်ဆိုင်သော သတင်း များကို လိုချင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို တပ်ဦးကို ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းအ ဖြစ်ကြေညာခဲ့ပြီး မူဟာမက်အယ်လ်ဂျော်နီ၏ သတင်းကိုလည်း လိုချင်ကြောင်း အက်ဖ်ဘီ အိုင်က ဖော်ပြခဲ့သည်။
ထို့နောက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားရေးအတွက် ဆုလာဘ် များအစီအစဉ်က အယ်လ်ဂျိုနီ၏ရှိသည့်နေ ရာနှင့်သက်ဆိုင်သော သတင်းများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်မည် ဟု ထုတ်ပြန်ခဲ့သည်။
Ref;BBC,FBI
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်