
တောင်ကိုရီးယားအာဏာရပါတီသည် ဒုတိယအကြိမ်အာဏာသိမ်းရန် ပြင်ဆင်နေသည်ဟု အတိုက်အခံများက ဒီဇင်ဘာ ၉ ရက်တွင် စွပ်စွဲခဲ့ပြီး တရားရေးဝန်ကြီးဌာနကလည်း သမ္မတယွန်းဆော့ယိုကို ပြည်ပထွက်ခွာခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထို့နောက် အတိုက်အခံများက ယွန်းအား စွပ်စွဲပြစ်တင်ရန် လွှတ်တော်တွင် အဆိုပြုချက်တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့သော်လည်း ယွန်း၏ အာဏာရပါတီဖြစ်သည့် ပြည်သူ့အင်အားပါတီက ဆန့်ကျင်ခဲ့သဖြင့် စွပ်စွဲပြစ်တင်မှုအဆို အောင်မြင်ခဲ့ခြင်းမရှိခဲ့ပေ။
အတိုက်အခံများကမူ အာဏာရပါတီသည် ယွန်းအား စွပ်စွဲပြစ်တင်ရန် ငြင်းဆိုခဲ့ပြီး အာဏာကိုဆက်လက်ဖက်တွယ်ထားခြင်းအားဖြင့် ဒုတိယအကြိမ် အာဏာသိမ်းရန် စီစဉ်နေကြောင်း စွပ်စွဲခဲ့သည်။
“ဒါက ဒုတိယအကြိမ်မြောက် ပုန်ကန်မှု၊ ဒုတိယအကြိမ်မြောက်အာဏာသိမ်းမှုရဲ့ တရားမဝင်၊ အခြေခံဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်” ဟု အတိုက်အခံဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ခေါင်းဆောင့်ပါ့ခ်ချန်ဒေးက ပြောကြားခဲ့ပြီး အာဏာရပါတီအနေဖြင့် ထိုလုပ်ဆောင်ချက်ကို ချက်ချင်းရပ်တန့်ရမည်ဟု ပြောကြားခဲ့သည်။
အာဏာရပြည်သူ့အင်အားပါတီကမူ ယွန်းသည် စွပ်စွဲပြစ်တင်ခံရမည်အရေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင် ရာထူးမှ နုတ်ထွက်ရလိမ့်မည်ဟု ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတသည် ရာထူးမှ မနုတ်ထွက်မချင်း၊ သမ္မတတာဝန်များကို မထမ်းဆောင်နိုင်တော့သည့်အခြေအနေသို့ မရောက်မချင်း အစိုးရအဖွဲ့ခေါင်းဆာင်နှင့် စစ်ဦးစီးချုပ်နေရာတို့တွင် ဆက်ရှိနေမည်ဖြစ်သည်။
ယခုဖြစ်စဉ်မျိုးတွင် နောက်ထပ်ရွေး ကောက်ပွဲမကျင်းပခင်အချိန်အထိ သမ္မတသည် အာဏာကို ဝန်ကြီးချုပ်ကို လွှဲပြောင်းပြီး ယာယီတာဝန်အပ်နှင်းရမည်ဖြစ်သည်။
ပြည်သူ့အင်အားပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းကလည်း ယွန်းသည် ရာထူးမှ စောစီးစွာမထွက်ခွာမီအချိန်တွင် နိုင်ငံခြားရေးနှင့် ပြည်တွင်းရေးကိစ္စများတွင် ပါဝင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယွန်းသည်ရာထူးမှ ထွက်ခွာသည့်အချိန်အထိ သမ္မတတာဝန်များကို ထမ်းဆောင်ရတော့မည်မဟုတ်ဘဲ နိုင်ငံတော်ကိစ္စရပ်များက ထိုဝန်ကြီးချုပ်နှင့် အာဏာရပါတီတို့က တိုင်ပင်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟန်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနကမူ ယွန်းကို ပုန်ကန်မှုစွဲချက်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသဖြင့် ယွန်းအား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကြောင်း ဒီဇင်ဘာ ၉ ရက်က တောင်ကိုရီးယားလွှတ်တော်တွင် ကြားနာစစ်ဆေးမှုပြုလုပ်ချိန်အတွင်း ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်