
၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် အာဖဂန် နစ္စတန်၊ ဗဟိုအာဖရိက၊ ဒီအာကွန်ဂို၊ ဆူဒန် နှင့် ယီမင်နိုင်ငံတို့တွင် အာဟာရချို့တဲ့မှု ပိုမိုဆိုးရွားလာပြီး ပဋိပက္ခကြောင့် စားနပ်ရိက္ခာ ရှားပါးမှုဖြစ်စေခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သို့သော် ဆိုမာလီယာ၊ ဆီးရီးယားနှင့် ချဒ်ရေ ကန်ဒေသနိုင်ငံများတွင် လုံခြုံရေး အခြေအနေကောင်းမွန်လာမှုကြောင့် တိုးတက်မှုများ ရှိလာသည်ဟု ယင်းအစီရင်ခံစာတွင် နှိုင်းယှဉ်ဖော်ပြခဲ့သည်။
ပဋိပက္ခဖြစ်ပွားသည့် ဒေသရှစ်ခုတွင် စုစုပေါင်း လူ ၅၆ သန်းသည် အရေးပေါ်စားနပ်ရိက္ခာအကူအညီနှင့် အသက်မွေးဝမ်းကျောင်းအတွက် ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ FAO နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့က ပြုစုသည့်အစီရင်ခံစာအရ သိရသည်။
ယင်းအစီရင်ခံစာက လက်နက်ကိုင်ပဋိပက္ခကြောင့် အမျိုးသား၊ အမျိုးသမီး၊ မိန်းကလေး၊ ယောကျ်ားလေးများ၏ ဘဝနေထိုင်မှုနှင့် အသက်မွေးဝမ်းကြောင်းမှုတို့အပေါ် အကျိုးသက်ရောက်မှုများကို ထင်ရှားစေခဲ့သည်ဟု FAO ညွှန်ကြားရေးမှူး ဟိုဆေးဂရာဇီယာနိုဒါဆေဗာက ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် အကူအညီထောက်ပံ့ပေးရန် ပဋိပက္ခဖြစ်ပွားသည့်နယ်မြေများသို့ မြန်မြန်ဆန်ဆန်ဝင်ခွင့်ရရန်လိုကြောင်း WFP ညွှန်ကြားရေးမှူး David Beasley က ပြောကြားခဲ့သည်။
“ကမ္ဘာမှာ အားလုံးအလိုချင်ဆုံးကတော့ စစ်ပွဲတွေ အဆုံးသတ်ရေးပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့် ဝန်ထမ်းများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုသည် မြင့်တက်လာကြောင်း၊ အကြမ်းဖက်မှုကြောင့် တစ်ခါတစ်ရံ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ဘိုကိုဟာရမ်စစ်သွေးကြွများ လှုပ်ရှားနေသည့် နိုင်ဂျီးရီးယားနှင့် နိုင်ဂျာတို့ ပါဝင်သည့် ချဒ်ရေကန်ဒေသနိုင်ငံများတွင် ယခုနှစ် ဇွန်မှ သြဂုတ်လတွင် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှု သိသိသာသာကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။
ယီမင်၏ သုံးနှစ်ကြာစစ်ပွဲက ကမ္ဘာတွင် အဆိုးရွားဆုံး စားနပ်ရိက္ခာအရေးပေါ် အကူအညီလိုအပ်မှုဖြစ်စေကြောင်း၊ ယင်းကို ဖြေရှင်းရန် အပစ်အခတ်ရပ်စဲမှု အရေးပေါ်လိုအပ်မှုကို ထင်ရှားစေကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ သို့သော် အစိုးရနှင့် သူပုန်နှစ်ဖက်စလုံးက လူသားချင်းစာနာထောက်ထားမှုနှင့် အရပ်သားများကို ကာကွယ်မှုအား လျစ်လျူရှုခဲ့သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်