
အာဖရိကဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရသော တောဝက်များ ဝင်ရောက်မလာစေရန် ဒိန်းမတ်သည် ဂျာမနီနှင့် ၎င်း၏ နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံမှုကို ဇန်နဝါရီ ၂၈ ရက်တွင် စတင်ခဲ့ရာ နိုင်ငံ၏ ဝက်သားလုပ်ငန်းကို ကာကွယ်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်လာခဲ့သည်။
၇၀ ကီလိုမီတာ (၄၅ မိုင်) ရှည်လျားသော ခြံစည်းရိုးသည် ကြိုတင်ကာကွယ်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး ဆောင်းဦးတွင် ပြီးစီးမည်ဟု မျှော်မှန်းထားသည်။ “ခြံစည်းရိုးနဲ့ တောဝက်အမဲလိုက်တာကို တိုးမြှင့်ဖို့ ကြိုးပမ်းမှုတွေဟာ ဒိန်းမတ်ကို အာဖရိကဝက်တုပ်ကွေးရောဂါပျံ့ပွားမှု အန္တရာယ်လျော့နည်းသွားအောင် ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ပေးပါလိမ့်မယ်” ဟု ပတ်ဝန်းကျင်နှင့် စားနပ်ရိက္ခာဝန်ကြီး ဂျက်ကော့အယ်လီမန်းဂျန်ဆင်က ပြောကြားခဲ့သည်။
အဆိုပါဗိုင်းရပ်သည် လူကိုအန္တရာယ် မဖြစ်စေသော်လည်း ဝက်များ၊ တောဝက်များကို သွေးလွန်တုပ်ကွေးဖြစ်စေပြီး ရက်ပိုင်းအတွင်း သေဆုံးစေသည်။ ရောဂါဖြစ်ပွားနေသော တောဝက်တစ်ကောင်သည် အိမ်နီးချင်း ဘီလာရုစ်နိုင်ငံမှ ဝင်ရောက်လာခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အဆိုပါတုပ်ကွေးကို ပိုလန်၌ ပထမဦးဆုံးတွေ့ရှိခဲ့သည်။
လူဇင်ဘတ်နှင့် ပြင်သစ်နယ်စပ်များ အနီးတွင် အာဖရိကဝက်တုပ်ကွေး ပထမဦးဆုံး ဖြစ်ပွားနေကြောင်း စက်တင်ဘာတွင် ဘယ်လ်ဂျီယံကထုတ်ပြန်ခဲ့သည်။ ဒိန်းမတ်သည် ဥရောပ၏ ဝက်သားတင်ပို့မှုအမြင့်ဆုံး နိုင်ငံဖြစ်ပြီး ဝက်ခြံ ၅၀၀၀ ခန့်မှ တစ်နှစ်လျှင် ဝက်ကောင်ရေ ၂၈ သန်း မွေးမြူလျက်ရှိသည်။ ဒိန်းမတ်သည် ၂၀၁၆ ခုနှစ်တွင် ဝက်သားပို့ကုန်မှ ယူရိုလေး ဘီလျံ (ဒေါ်လာ ၄.၅ ဘီလျံ) ရရှိခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်