
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရရှိမည့် စုစုပေါင်းလေယာဉ် ၄၈ စင်းကို ဘိုရင်းနှင့် အဲဘတ်စ်တို့ထံမှ မှာယူရန်ဆုံးဖြတ်ထားကြောင်း ဂျပန် All Nippon Airways (ANA) က ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာခဲ့သည်။
ဂျပန်နိုင်ငံသို့ ခရီးသွားလာရောက်မှု မြင့်တက်လာခြင်းနှင့် ဒေသတွင်းလိုအပ်ချက် မြင့်တက်လာခြင်းတို့ကြောင့် ဘိုရင်း၏ ၇၃၇ MAX 8 လေယာဉ်အစင်း ၃၀ နှင့် အဲဘတ်စ်ထံမှ A320neo လေယာဉ် ၁၈ စင်းကို ဝယ်မည်ဖြစ်သည်ဟု ANA ဦးပိုင်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ဘိုရင်းဂျက်လေယာဉ်အစင်း ၃၀ ဝယ်ယူပါက ယန်း ၃၈၃ ဘီလျံ (ဒေါ်လာ ၃.၅ ဘီလျံ) ကုန်ကျလိမ့်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဂျက်အစင်း ၂၀ ကို မှာယူရန် အတည်ပြုထားပြီး နောက်ထပ် ၁၀ စင်းကို ထပ်မံဝယ်ယူရန် ရွေးချယ်စရာတစ်ခုအဖြစ် လျာထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
အဲဘတ်စ်ထံမှ လေယာဉ်ဝယ်ယူမည့် ကိစ္စမှာမူ ၁၈ စင်းစလုံး အတည်ပြုပြီးဖြစ်သော်လည်း အင်ဂျင်ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး မဆုံးဖြတ်ရသေးကြောင်း ကုမ္ပဏီက ဆိုသည်။ အဲဘတ်စ်နှင့် လက်ရှိသဘောတူညီချက်အရ စာရင်းပြုစုထားသောတန်ဖိုးမှာ ယန်း ၁၆၆ ဘီလျံဖြစ်သည်ဟု ANA ဦးပိုင်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ယခုသဘောတူညီချက်ကြောင့် ANA သည် ဘိုရင်းမော်ဒယ်ကို ဝယ်ယူသည့် ပထမဆုံး ဂျပန်ဖောက်သည်ဖြစ်လာမည်ဖြစ်ပြီး အဲဘတ်စ်၏ A 320 neo များမှာမူ ANA ၏ နိုင်ငံတကာခရီးစဉ်များတွင် ပြေးဆွဲနေနှင့်ပြီး ဖြစ်သည်။ အဆိုပါလေယာဉ်မော်ဒယ် နှစ်မျိုးစလုံးသည် ဆီစားသက်သာသည်ဟု ကုမ္ပဏီက ချီးမွမ်းခဲ့သည်။
ဖိလစ်ပိုင်လေကြောင်းလိုင်းကို စီမံလည်ပတ်နေသော PAL ဦးပိုင်ကုမ္ပဏီ၏ ၉.၅ ရာခိုင်နှုန်းကို ဝယ်ယူရန် ဒေါ်လာ ၉၅ သန်းသုံးမည်ဟုလည်း ANA က သီးသန့်ထုတ်ပြန်ခဲ့သည်။
“အာရှဟာ အဓိကတိုးတက်မှုရှိတဲ့ စျေးကွက်တစ်ခုပါ။ အားကောင်းတဲ့ လေကြောင်းသွားလာရေး ဖွံ့ဖြိုးမှုနဲ့ အမျိုးအစားစုံလင်ပြီး ကျယ်ပြန့်တဲ့ ဖိလစ်ပိုင်စီးပွားရေးနှစ်ခုစလုံးကနေ အကျိုးခံစားနိုင်စေဖို့ ဖိလစ်ပိုင်လေကြောင်းလိုင်းဟာ အလွန်ကောင်းမွန်တဲ့ လုပ်ငန်းလည်ပတ်မှုအခြေအနေမှာ ရှိနေပါတယ်” ဟု ANA ဦးပိုင်ကုမ္ပဏီဥက္ကဋ္ဌရှင်ယာ ကာတန်နိုဇာကီက ပြောကြားခဲ့သည်။
ANA ဦးပိုင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလအထိ ကိုးလကြာကာလအတွင်း ၎င်းတို့ကုမ္ပဏီ၏ အသားတင် အမြတ်ငွေသည် ၃၀.၂ ရာခိုင်နှုန်းကျဆင်းသွား ကာယန်း ၁၀၆.၈ ဘီလျံဖြစ်သွားသည်ဟု သိရသည်။ ဂျပန်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ခြင်း၊ လောင်စာစျေးနှုန်းမြင့်တက် ခြင်းတို့သည်လည်း ကုမ္ပဏီ၏ ရလဒ်ကို ထိ ခိုက်စေခဲ့ကြောင်း ဆိုခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်