
ဆီးရီးယားသူပုန်ခေါင်းဆောင် အဘူမိုဟာမက်အယ်လ်ဂျိုလာနီသည် ရာထူးမှ ထွက်ခွာတော့မည့် ဆီးရီးယားဝန်ကြီးချုပ် မိုဟာမက်အယ်လ်ဂျာလာလီကို တွေ့ဆုံခဲ့ပြီး အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးခဲ့သည်ဟု ဒီဇင်ဘာ ၉ ရက်တွင် သူပုန်များက ပြောကြားခဲ့သည်။
သမ္မတဘာရှာအယ်လ်အာဆက် ပြုတ်ကျသွားပြီး တစ်ရက်အကြာတွင် သူပုန်ခေါင်းဆောင်က အာဏာလွှဲပြောင်းရေးကိစ္စကို ဆီးရီးယားဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယခုအခါ အမည်အစစ် အာမက်အယ်လ်ရှာရာကို အသုံးပြုနေသော ဂျိုလာနီက ဆီးရီးယားပြည်သူများထံ ဝန်ဆောင်မှုများပေးနိုင်ရေးကို အာမခံသော အာဏာလွှဲပြောင်းမှုကို ညှိနှိုင်းဆောင်ရွက်ပေးရန် ဂျာလာလီကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သူပုန်များ၏တယ်လီဂရန် ချယ်နယ်တွင် ပို့စ်တင်ခဲ့သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တွေ့ဆုံပုံကို ရိုက်ကူးထားသော ဗီဒီယိုအတိုတွင် မိုဟာမက် ဘာရှာလည်း တက်ရောက်သည်ကို တွေ့ရသည်။ မိုဟာမက်ဘာရှာသည် သူပုန်တို့၏အနောက်မြောက်ဆီးရီးယားအမာခံနယ်မြေရှိ သူပုန်များ၏ “ကယ်တယ်ရေး အစိုးရ”ကို ဦးဆောင်သူဖြစ်သည်။
အာဆက်အလွန် အသွင်ပြောင်းအစိုးရအဖွဲ့တွင် ဘာရှာသည် ဝန်ကြီးချုပ်ဖြစ်လာရန် ဖြစ်နိုင်ခြေအများဆုံးဖြစ်နေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ရန်သူ၏လျင်မြန်သောထိုးစစ်ကြောင့်နယ်မြေအများအပြားကို ဆုံးရှုံးသွားပြီးနောက် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်သည်နိုင်ငံမှ ထွက်ပြေးသွားပြီဟု လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေး အဖွဲ့၏အကြီးအကဲရာမီအဗ္ဗဒယ်ရာမန်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆက်နိုင်ငံမှ ထွက်ပြေးသွားပြီဟုလူ့အ ခွင့်အရေးအတွက်ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့ပြီး အာဏာလွှဲပြောင်းရာတွင် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ဆီးရီးယားဝန်ကြီးချုပ်ပြောကြားခဲ့သည်။
မိမိတို့သည် ပြည်သူကရွေးချယ်သောမည်သည့်ခေါင်းဆောင်အဖွဲ့နှင့်မဆိုပူး ပေါင်းဆောင်ရွက်ရန်အဆင့်ဖြစ်နေသည် ဟုဆီးရီးယားဝန်ကြီးချုပ် မိုဟာမက်အယ်ဂျာ လာလီက ပြောကြားခဲ့သည်။
အစ်ဒလစ်သည် အရင်းအမြစ်များ ကင်းမဲ့နေသည့် ဒေသငယ်ဖြစ်သည်ဆိုသော်လည်း အာဏာပိုင်များသည် နတ္ထိဆိုသည့်အနေအထားမှ စတင်ခဲ့ပြီးနောက် အလွန်မြင့်မားသောအတွေ့အကြုံ ရှိထားသည်ဟု ရာထူးမှ ထွက်ခွာတော့မည့် ဝန်ကြီးချုပ်ကို ဂျိုလာနီက ပြောသည်ကို ဗီဒီယိုတွင် ကြားရသည်။
ကယ်တင်ရေးအစိုးရအဖွဲ့သည် ဝန်ကြီးဌာနများ၊ ဌာနများ၊ တရားရေးနှင့်လုံခြုံရေး အာဏာပိုင်များဖြင့် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော အစိုးရဖြစ်ပြီး သူပုန်အမာခံနယ်မြေ၌ အစိုးရဝန်ဆောင်မှုများမှ ဖြတ်တောက်ခံ ထားရသူများကို ကူညီရန်ကယ်တင်ရေး အစိုးရကို ဖွဲ့စည်းထားခြင်းဖြစ်သည်။
မိုးကြိုးစစ်ဆင်ရေးအတွင်းသိမ်းပိုက်ခဲ့ သောဆီးရီးယားဒုတိယအကြီးဆုံးမြို့အလက်ပိုကိုသူပုန်တို့က သိမ်းပိုက်ခဲ့ ပြီးနောက် ယခုအခါ အာဏာပိုင်များက ယင်းမြို့ကိုဝန်ဆောင်မှုများ ပြန်ပေးနေပြီဖြစ်ရာ ရေ၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားတို့ကို ပြန်ပေးနေပြီဖြစ်သည်။
ဒမတ်စကတ်မြို့ကို သိမ်းပိုက်လိုက်ပြီး နောက်သူပုန်အဖွဲ့ကဆီးရီးယားနိုင်ငံတွင် ဆယ်စုနှစ်ငါးခုကြာ Baath ပါတီအုပ်စိုးမှု အဆုံးသတ်သွားပြီဟုကြေညာခဲ့သည်။
မြို့တော် ဒမတ်စကတ်ကို ဝင်ရောက်လာသော သူပုန်များက ယင်းမြို့ရှိအစိုးရအဆောက်အအုံများကို ဖျက်ဆီးခြင်းမပြုရန် အစ္စလာမ်မစ်ဆီးရီးယားသူပုန်အုပ်စုဟာ ရတ်တာယာအယ်လ်ရှမ်၏ခေါင်းဆောင်က အဘူမိုဟာမက်အယ်လ်ဂျိုလာနီကညွှန်ကြားခဲ့သည်ဆိုသော်လည်း အီရန်သံရုံး တိုက်ခိုက်ခံခဲ့ရသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်