
တရုတ်၏ကြီးမားသောရေကြောင်း စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်က ၎င်း၏ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၄၇ စင်းကို လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားလိုက်ပြီး ယင်းသည် လွန်ခဲ့သောနှစ်လအတွင်း စစ်လေယာဉ်အများဆုံး တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုင်ဝမ်သမ္မတ လိုက်ချင်တေးလွန်ခဲ့သော သီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားခဲ့သည့် ခရီးစဉ်အား တုံ့ပြန်သည့်အနေဖြင့် တရုတ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖွယ်ရှိသည်ဟူသော ကောလာဟလ များ ထွက်ပေါ်လျက်ရှိသည်။
အိုကီနာဝါ၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်တို့ကို ချိတ်ဆက်ထားသော ပထမကျွန်းဆွယ်တစ်လျှောက်ရှိ ရေပြင်တွင် တရုတ်ရေတပ်နှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော ၉၀ နီးပါးကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု အကြီးတန်း ထိုင်ဝမ်လုံခြုံရေးတာဝန်ရှိသူက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်လေယာဉ် ၄၇ စီးနှင့် စစ်သင်္ဘော ၁၂ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၅ ရက်တွင်ထိုင်ဝမ်က ၎င်း၏ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၁၅၃ စင်းကို စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် ယခုတွေ့ရှိသော အရေအတွက်သည် တစ်ရက်အတွင်း အများဆုံးထောက်လှမ်းတွေ့ရှိသော လေယာဉ်အရေအတွက်ဖြစ်သည်ဟု ဆိုသည်။ တရုတ်က ထိုုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုကို တစ်ရက်ကြာပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် ထိုင်ဝမ်က တရုတ်စစ်လေယာဉ်များကို စံချိန်တင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်များကို အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီအထိ ၂၅ နာရီအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုစဉ်က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး တစ်ရက်အတွင်း လေယာဉ်အများဆုံးတွေ့ရခြင်းဖြစ်သည်ဟုဆိုသည်။
တရုတ်သည် ထိုင်ဝမ်ကျွန်းအနီး တစ်ဝိုက်တွင် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများစေလွှတ်ပြီး အောက်တိုဘာ ၁၄ ရက်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သေးသည်။
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်သင်္ဘောများနှင့် ကမ်းခြေစောင့်သင်္ဘောများကို တွေ့ရှိခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)က တရုတ်အရှေ့ကမ်းရိုးတန်းအလွန်တွင် လေပိုင်နက်ကို ကန့်သတ်ထားပြီးနောက် မိမိတို့၏တပ်ဖွဲ့များကို တပ်လှန့်ထားသည်ဟု ဒီဇင်ဘာ ၉ ရက်တွင် ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အရှေ့တရုတ်ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြား သို့မဟုတ် တောင်တရုတ်ပင်လယ်တွင် တိုးမြှင့်ထားသော စစ်ရေးလှုပ်ရှားမှုနှင့်ပတ်သတ်၍ PLA ကသော်လည်းကောင်း၊ တရုတ်အစိုးရပိုင် မီဒီယာကလည်းကောင်း အများပြည်သူသိအောင် ထုတ်ပြန်ပေးခြင်းမရှိပေ။ထိုင်ဝမ်က စစ်ရေးလေ့ကျင့် မှုစတင်သည့်အခါ တရုတ်သည်မိမိ၏အချုပ်အခြာအာဏာကို ခိုင်မာစွာ ကာကွယ်ရလိမ့်မည်ဟု ဒီဇင်ဘာ ၉ ရက်တွင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်