
နှစ် ၆၀ နီးပါးကြာ အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်သည် အစ္စရေး၏အစိတ်အပိုင်းအဖြစ် အမြဲတမ်းရှိသွားလိမ့်မည်ဟု ဒီဇင်ဘာ ၉ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ သည်။
အစ္စရေး-ဆီးရီးယားနယ်စပ်တစ်လျှောက်ရှိ စစ်မဲ့ဇုန်ကို အစ္စရေးသိမ်းပိုက်ခဲ့ခြင်းကြောင့် ဝေဖန်မှုများ မြင့်တက်လာချိန်တွင် အစ္စရေးဝန်ကြီးချုပ်၏ အထက်ပါပြောစကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂျေရုဆလင်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နေတန်ယာဟုက အမေရိကန်ရွေးကောက် ခံသမ္မတ ဒေါ်နယ်ထရန့် ၎င်း၏ပထမသက်တမ်းအတွင်း အစ္စရေး၏ ၁၉၈၁ ပိုင်နက်နယ်မြေအဖြစ်သွတ်သွင်းခြင်းကို အသိအမှတ်ပြုသည့်အတွက် ထရန့်ကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂိုလန်သည် အစ္စရေးနိုင်ငံတော်၏အစိတ်အပိုင်းအဖြစ် အမြဲတမ်းရှိနေလိမ့်မည်ဟု ပြောကြားခဲ့သည်။
အစ္စရေးသည် ၁၉၆၇ ခုနှစ် ခြောက်ရက်ကြာစစ်ပွဲအတွင်းတွင် တောင်ထူထပ်သောကုန်းပြင်မြင့်ကို ဆီးရီးယားထံမှ သိမ်းယူခဲ့သည်။ ယင်းသို့သိမ်းယူပြီးကတည်းက အစ္စရေးက ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ထားခဲ့ သည်။ ၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲတွင် ဂိုလန်ကုန်းမြင့်ကို ပြန်လည်သိမ်းပိုက်ရန် ဆီးရီးယား၏ကြိုးပမ်းမှုကို အစ္စရေးက တွန်းလှန်ခဲ့သည်။
ဂိုလန်ကုန်းမြင့်ကို ထိန်းချုပ်ထားခြင်းသည် မိမိတို့လုံခြုံရေးနှင့်အချုပ်အခြာကို စိတ်ချရစေသည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
ဒမတ်စကတ်၌ ဘာရှာအယ်လ်အာဆက်ပြုတ်ကျသွားပြီးနောက် အစ္စရေးစစ်တပ်က အစ္စရေး-ဆီးရီးယားနယ်စပ်ရှိစစ်မဲ့ကြားခံဇုန်ကို သိမ်းပိုက်ရန်ညွှန်ကြားခဲ့သည်ဟု ဒီဇင်ဘာ ၈ ရက်တွင် အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
စစ်မဲ့ဇုန်ကို သိမ်းပိုက်ခြင်းသည် အစ္စရေးနှင့်ဆီးရီးယားတို့ရရှိထားသည့် ၁၉၇၄ ဆက်မတိုက်ဘဲခွာနေသည့် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၉ ရက်တွင် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ရှုတ်ချခဲ့သည်။ ထို့အပြင် အစ္စရေးလုပ်ရပ်များကို ကုလသမဂ္ဂကသာမက အစ္စရေး၏ အိမ်နီးချင်းနိုင်ငံများကလည်း ရှုတ်ချခဲ့သည်။
စစ်မဲ့ဇုန်ကို သိမ်းပိုက်မှုသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို အစ္စရေး၏ဆက်လက် ချိုးဖောက်မှုအား အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အာဆက်အစိုးရပြိုလဲသွားခြင်းနှင့် ဆီးရီးယားစစ်တပ်က စစ်စခန်းများကို စွန့်ခွာသွားခြင်းတို့သည် အစ္စရေးနှင့်ဆီးရီးယားတို့၏ ၁၉၇၄ သဘောတူညီချက်ကို တရားမဝင်ဖြစ်သွားစေခဲ့သည်ဟု ဒီဇင်ဘာ ၇ ရက်တွင် နေတန်ယာဟုက ပြောကြားခဲ့သည်။
“အစ္စရေးရဲ့လုပ်ဆောင်ချက်တွေဟာ အမြဲတမ်းမဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်တို့မြင်ချင်တဲ့အရာဟာ အစ္စရေးနဲ့ဆီးရီးယားတို့ ထာဝရတည်ငြိမ်ရေးဖြစ်ပါတယ်။ အဲဒါဟာ ၁၉၇၄ ဆက်မတိုက်ဘဲခွာနေတဲ့ သဘောတူညီချက်ကို ထိန်းသိမ်းထားတဲ့ ဘက်အားလုံးကို ကျွန်တော်တို့က ထောက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်